"ဖြတ်" မီးswitch ကျသံနှင့်အတူပတ်ဝန်းကျင် တစ်ခုလုံး မှောင်အတိ_…

"ဟင်!မီးပျက်သွားပြီ!! "အသိနှင့်အတူ sooချက်ချင်းပင်မျက်လုံးဖွင့်ပြီးထထိုင်မိသည်။ Sooအလန့်တကြားနားတွေကိုပိတ်လိုက်သည်…နားထင်မှာလဲ ချွေးစေးတွေပြန်စပြုလာသည်။

Soo၏အတွေးထဲမှာလဲ အတိတ်မှဖြစ်ရပ်တို့ ပြန်လည်နိုးထလာခဲ့သည်……

Flashback

Soo America သို့အလယ်တန်းကျောင်းသူဘဝ ၁၅နှစ်အရွယ်မှာပင် ကျောင်းပြောင်းခဲ့ရသည်။

သူပြောင်းသောကျောင်းတွင် ထုံးစံတစ်ခုရှိသည်_ _ ကျောင်းသူသစ်က ဝှက်ထားသောပစ္စည်းကိုလိုက် ရှာရတာမျိုးပေါ့……ရှာလို့ရမှ သတ္တိရရှိသူ တော်သောသူ အဖြစ် ပေါင်းသင်းကြပြီး မရလျှင် အပယ်ခံဖြစ်သောထုံးစံ…

Soo လဲရောက်စ ၂ရက်မြောက်နေ့တွင် ထုံးစံအရ ဝှက်ထားသောစာအုပ်ကို ရှာဖွေရသည်။ ရှာရင်းနှင့် ကျောင်း၏ချောင် အကျဆုံး တောအုပ်ဘက်နီးသည့် စွန့်ပစ်ကျောင်းဆောင်၏စာသင်ခန်းတစ် ခန်းတွင်မှတွေ့တော့သည်……Soo ရှာတွေ့ တော့ည ၆:၃၀ လောက်ရှိပြီ  Soo တို့ကျောင်းက ညနေ ၆:၀၀ ဆို ကျောင်းစောင့်က တံခါးအားလုံး။မီးအားလုံးလိုက်ပိတ်လေ့ရှိသည်  ထိုနေ့က soo ငုံ့ရှာနေချိန် အစောင့်ဦးလေးကြီးက လူရှိ/မရှိ လာစစ်ချိန်နှင့်ကွက်တိဖြစ်ပြီး Sooကိုမမြင်လိုက်ဘဲ အခန်းကိုပိတ်သွားသည် 

ထိုအခန်းထဲ မှောင်ကြီးထဲ မှာ Soo တစ်ညလုံး စာအုပ်လေးပိုက်ကာ ပိတ်မိ နေသည်။ ခေါင်းထဲမှာလဲ နေ့ခင်းက အတန်းဖော်များပြော သောစကားများ နားထဲ ပြန်ကြားယောင်လာသည်…

"ကျောင်းဆောင်ဟောင်းကြီးဘက်မသွားနဲ့နော်" "အဲ့မှာ မိန်းကလေးတစ်ယောက်သတ်သေဘူးတယ်" "ညဘက်ဆိုခြေသံ တွေကြားနေရတယ်တဲ့" "ဆံပင် အရှည်ကြီးနဲ့တဲ့"

Soo စိတ်ထဲခြေသံများကြားသလိုလို

အရိပ်မဲဘဲမြင်လာသလိုလို ထင်မိသည်။

Soo နားများကိုပိတ်ကာ မျက်စိကိုလဲ အစွမ်းကုန်မှိတ်ထားသည်…

မနက် Soo Roommate တွေ Soo ကိုရှာတွေ့တော့ Soo တစ်ကိုယ်လုံးချွေးစေးများထွက် ကာမေ့လဲ နေ လေပြီ…… ထိုနေ့မှ စ၍ Soo အမှောင် ကို ကြောက်သွားသည်။ မှောင်လာသည်နှင့် ခြေသံကြီးကြားသလိုလို… ထိုအချိန်တိုင်း Soo ဘေးမှာ တစ်ယောက်ယောက်ကိုဖက် ထားမှ အိပ်ပျော်သည်။ အိမ်မှာ ဆို Omma ကိုအမြဲဖက်အိပ်နေကျ……ခုတော့…

A String AttachedWhere stories live. Discover now