"ဒါဆိုရှင် ကကျွန်မနဲ့ချစ်သူမဟုတ်ဘူးဆိုတာ ဘာလို့မိဘတွေရှေ့မပြောတာလဲ"

"အန်!သူငယ်တန်းကလေးသွားမေးတောင်သိတယ်(ဒီခေတ်ကလေးတွေပြောပါတယ်^^)သူစိမ်းယောကျာ်းလေးနဲ့သူစိမ်းမိန်းကလေးတစ်ညပျောက်သွားပြီး နောက်နေ့အိပ်ခန်းထဲက တူတူထွက်လာရင် အားလုံးကချစ်သူလို့ပဲထင်မှာဘဲ…မဟုတ်တာသာထူးဆန်းတာ…ပြီးတော့ပစ္စည်းတွေ…မင်းလဲပါသွားတယ်မို့လား"

Soo, Kai ပြောမှသူ့clutch bag ထဲကြည့်လိုက်တော့"ဟင်!်ဟုတ်သားဘဲမရှိတော့ဘူး"

"အေး…စာထဲမှာရေးထားတယ်လေ။ချေးသုံးတာတဲ့…ပါသွားတဲ့ပစ္စည်းတွေက ပြန်ရှာလို့ရပေမဲ့ ကိုယ့်အချစ်ကိုလှည့်စားသွားတာကို မကျေနပ်ဘူး။ မေမေတို့သိရင်ပိုဆိုးမယ်။ဒီတော့…မင်းငါနဲ့လက်ထပ်ရလိမ့်မယ်"

"ဟင်!" Soo အံ့သြသွားရာ kai က

"ဟန်ဆောင်လက်ထပ်ပွဲပေါ့ ဒီအခြေအနေရောက်မှတော့ ချော်လဲရောထိုင်ဖို့ရယ်…ဒီအတောအတွင်း သူတို့ကိုရှာဖို့ရယ်…သူတို့လောက်ကိုတော့၃လ အတွင်းရှာနိုင်ပါတယ်။ပါသွားတဲ့ပစ္စည်းပမာဏလဲအဲ့လောက်ဆိုပြန်ရှာနိုင်တယ်…ပြီးမှအားလုံးရှင်းပြပြီး ဟိုနှစ်ယောက်ကိုတရားစွဲပြီး ကိုယ့်လမ်းကိုယ်လျှောက်မယ်…ဘယ်လိုလဲ"

Soo နားထောင်ကြည့်တော့လဲဟုတ်သလိုလို။

Sooလဲဟိုနှစ်ယောက်ကိုမကျေနပ်…လောလောဆယ်တော့သူပြောသည့်နည်းသာ အကောင်းဆုံးဟုထင်မိသည်။ထို့ကြောင့် Sooလဲ"Ok လေ…သဘောတူတယ်" Sooပြောရင်းလက်ကမ်းပေးလိုက်သည်။

Kai လဲ Sooကိုလက်ကမ်းပေး၍လက်ဆွဲနှုတ်ဆက်ကြသည်။

"၃လ အတွင်းအဆင်ပြေပြေနေကြတာပေါ့"

ထို့နောက်တော့ သူတို့နှစ်ယောက်ကားလေး က Kai တို့အိမ်ဆီသို့…

နောက်တစ်ပတ်အကြာတွင် Kaiနှင့် Soo တို့မင်္ဂလာပွဲကျင်းပလိုက်ကြသည်။

နာမည်ကြီး Construction.Company နှင့်Interior design Company နှစ်ခုဆွေမျိုးတော်ကြသည်ဆိုတော့ ဂျာနယ်တွေထဲထိ ရုတ်ရုတ်သဲသဲ

မင်္ဂလာပွဲက အောင်မြင်စွာပြီးသွားပါသည်။

Wedding Dinner ကိုတော့ Sooသူငယ်ချင်း Kaiသူငယ်ချင်းများနှင့်သာ

A String AttachedWhere stories live. Discover now