" Gadal ကလေးတွေလဲတွေ့ပြီဆိုတော့ စိတ်လဲအေးသွားပြီ။ အိမ်ကျမှအေးဆေးပြောကြတာပေါ့…လာ Chen နဲ့ Xiu သွားမယ်။ Yeobo လာ။ ကလေးတွေ နောက်ကသေချာလိုက်ခဲ့နော်"
၎ယောက်လုံးထွက်သွားတော့မှ Sooက
"ရှင်ရူးနေပြီလား!ရှင်နဲ့ ကျွန်မက…"
"ကိုယ့်ကားနဲ့သွားရအောင် ကားပေါ်မှာစကားပြောမယ်"သူ့စကားကိုနားမထောင်ဘဲ အမိန့်သံဆန်ဆန်ပြောကာထွက်သွားသော Kai.ကိုကြည့်ကာ Sooမျက်စောင်းတခဲခဲ ဖြင့်လိုက်သွားလေသည်။
Car parking.၌Sooက သူ့ကားပေါ်သူတက်မလို့လုပ်တော့…
"ဟေ့ဟေ့ မင်းတစ်စီးငါတစ်စီးသွားရင်ဘယ်လိုလုပ်စကားပြောလို့ရမလဲ နောက်မှမင်းကားကိုပြန်ယူခိုင်းလိုက်။လာ ငါ့ကားပေါ်တက်"
အောင်မာ!! Sooကိုများတင်တင်စီးစီး!သူ့ကား စီးနိုင်ပေါင်!စိတ်ရှုပ်ရတဲ့အထဲ၊ဒီကောင်ကတစ်မှောက်!
Sooမေတ္တာပို့ပြီးSooကားပေါ်တက်မည်အလုပ်…Kai Sooနားသွားပြီး Sooကိုစွေ့ကနဲပွေ့ကာခေါ်သွားသည်။
"အမယ်လေး!!! အမေ့…ရှင်…ရှင်ဘာလုပ်တာလဲ?Sooကိုလွှတ်နော်!ကန်ပစ်မှာ!!"
Kaiလဲ Sooရုန်းနေသည့်ကြားမှပင် Sooကိုယ်လေးကို ကားပေါ်တင်ပြီးခါးပတ်ပတ်လိုက်သည်။ပြီး
နောက်သူက Sooဘေးနား ခုံတွင်ထိုင်ပြီး ကားမောင်းတော့မည်အလုပ်…
"အီးဟီးဟီး…ရှင်ဒါSooကိုသက်သက်အနိုင်ကျင့်တာ…ဟင့် Sooမသိတော့ဘူး! ကိုယ်တကယ်ချစ်ခဲ့တဲ့ဲ့ Hun ကလဲလူလိမ်တဲ့! သူ့ကိုယုံပြီးခိုးရာလိုက်မိပြီးခုတော့အိမ်က ပေးစားတဲ့သူနဲ့တစ်ခုတင်ထဲ နိုးလာရတဲ့အဖြစ်!ဘာတွေမှန်းလဲ မသိဘူး
သေသာသေလိုက်ချင်တော့တယ်…အီးဟီးဟီး"Kai လဲရုတ်တရက် ငိုချလိုက်သော Sooကြောင့်ကြောင်သွားပြီး ကားထဲမှ tissue ကိုကမ်းပေးကာ…
"ရော့ရော့မငိုနဲ့တော့ တိတ် တိတ်…ငါလဲမင်းနဲ့ဘဝတူပါပဲကွာ ငါတကယ်ယုံကြည်ပြီးချစ်ခဲ့တဲ့ Lu ကငါ့ကိုလိမ်ညာပြီး………တော်ပြီကွာ!အရင်ဆုံးမင်းငိုတာရပ်တော့နော် ငါအနိုင်ကျင့်တာမဟုတ်ပါဘူး"Kai လေသံပျော့ပျော့နဲ့ချော့တော့မှ SooလဲKai ကို ဘုကြည့်ကြည့်ုပြီး"ရွီးး…"Kai ပေးသောTissue နှင့်နှပ်ညှစ်ပြီးမှ…
Part 5
Start from the beginning
