Kai တွေးရင်းတပြုံးပြုံး

11am…kai Manager ကြီးကို Ph ဆက်လိုက်သည်။Sample အနေနဲ့ သူငယ်ချင်းတစ်ယောက်ကိုနေကြည့်ခိုင်းမလို့ဆိုပြီး တစ်ခန်းတောင်းလိုက်သည်။Secret project မို့မပေါက်ကြားစေနဲ့ ဟုမှာလိုက်ရသေးသည်။ရပြီ! Room No.က 707 တဲ့Lucky 7 လေးကိုယ့်အချစ်နိဗ္ဗာန်လေးပေါ့~~

3PM~~

Kai Lu ကိုPh ဆက်လိုက်သည်။

"Lu အဆင်သင့်ဖြစ်ပြီလား"

"ဖြစ်ပြီကို အဝတ်အစားတွေကို Lu သူငယ်ချင်းကို Delivery နဲ့ပို့ပေးဖို့ပြောထားပြီ"

"Ok!ဒါဆိုသွားမယ်" Kai ဖုန်းချပြီးထွက်ဖို့ပြင်လိုက်သည်။နောက်ဆုံးအနေနဲ့ရုံးခန်းကိုတစ်ခေါက်ကြည့်လိုက်သည်။

"၆လ အလွန်ဆုံး၆လပါပဲကွာ ငါပြန်လာမှာပါ"Kai ပြောပြီးအခန်းထဲကထွက်လာလိုက်သည်။

ရုံးခန်းအပြင်ကသူ့နေရာလေးမှာ Lu စောင့်နေလေသည်။Kai စိတ်ထင်၍လားမသိ Lu မျက်ဝန်းတွေကဒီနေ့မှပိုရွှန်းလဲ့နေသလို…

"သွားစို့Lu လာ"သူတို့ Meeting သွားနေကျအတိုင်း kai နောက်က Lu ထွက်လာလိုက်သည်။

--------

At MS Decorating Company..

Soo သူ့ရုံးခန်းထဲတွင်အငြိမ်မနေနိုင်။ခေါက်တုံ့ခေါက်ပြန်လျှောက်ကာအလွန်စိတ်လှုပ်ရှားနေသည်။မနေ့က ဖုန်းထဲမှာ Hun ပြောသောစကားများကိုပြန်ကြားယောင်နေသည်…

"Soo ကိုယ့်သူငယ်ချင်းကကိုယ့်ကိုကူညီမယ်တဲ့ အနည်းဆုံးSoo သက်တောင့်သက်သာဖြစ်မဲ့နေရာလေးပေါ့"

Soo တွေးရင်းကြည်နူးရပြန်သည်။ Hun ကိုသူယုံကြည်ပါသည်။Hun စိတ်ပူနေတာကိုသိ၍သူကပင်ဦးအောင

"Hun…Sooနဲ့ဘဝသစ်စဖို့အဆင်ပြေအောင် Soo ပစ္စည်းတွေနဲ့ပိုက်ဆံနည်းနည်းယူလာမယ်နော်.Soo ကိုယ့်အစွမ်းနဲ့ရထားတာတွေမို့စိတ်ချပါ Soo ကိုအဲ့ဒါတော့လိုက်လျောမယ်မို့လားဟင်။ Hun စိတ်ဆိုးမှာစိုးလို့ကြိုပြောပြတာနော်"ဟုပြောမှ Hun စိတ်ချသွားသည်။ Soo မနေနိုင်မှာစိုးပေမဲ့ယောက်ျားလေးတစ်ယောက်အနေနဲ့မိန်းကလေးကိုပိုက်ဆံယူလာဖို့ မခိုင်းချင်မှန်း Sooသိ၍ပြောလိုက်ခြင်းဖြစ်သည်။ ညနေ၄နာရီလောက်လာခေါ်မည်တဲ့။ Soo တစ်နေကုန်နာရီကိုသာတကြည့်ကြည့်…

A String AttachedWhere stories live. Discover now