Flashback::

"MD;MD ရဲ့Secretary နေရာအတွက်ဒီနေ့Interview ရှိပါတယ်"

Manager မှ လာခေါ်တော့ Kai ကိုယ်တိုင်view ဖို့သွားစဉ်ရုံးခန်းပြင်ဆင်နေသည့်နေရာနားအရောက်…"သတိထား!!!" "ဝုန်း!" ဟူသောအသံနှင့်အတူ Kai အတွန်းခံရပြီးလဲကျသွားလေသည်။ Kaiလဲနာသွားသလိုရှိပြီးမှ ငါ့ကိုတွန်းလိုက်တာဘဲ ဟူသောအသိဖြင့်ပြန်ထ ကြည့်မှ…စက္ကူပုံးများအောက်တွင် ကောင်မလေးတစ်ယောက်…Kaiသူ့နားသွားစဉ်ပြင်ဆင်နေသည့်အလုပ်သမားများလဲပြေးလာကြပြီပုံးများဖယ်ကာထူပေးကြလေသည်။ ahjussi တစ်ယောက်က…

"တော်သေးတာပေါ့ ပစ္စည်းထုတ်ပြီးသားအလွတ်တွေမို့လို့ ဘာမှမဖြစ်ဘူးနော် သမီးလေး"

"ဟုတ်ကဲ့ Lu ဘာမှမဖြစ်ပါဘူးရှင်"

Kai လဲ Lu အနားသွားပြီး

"ကျေးဇူးတင်ပါတယ်။မင်းနာမည်ဘယ်လိုခေါ်လဲ။ဘာရာထူးလဲ"

"ရပါတယ်ရှင်။နာမည်က Lu Hanပါ။ဒီနေ့ MDရဲ့ Secretary ရာထူးအတွက် Interview လာဖြေတာပါ"

"မင်းကိုခန့်လိုက်ပြီ။ကိုယ့်ထက်အရင်သူများကို ဦးစားပေးတဲ့မင်း attitude ကိုကြိုက်သွားပြီ"

Lu လဲကြောင်သွားပြီး"ရှင်!!"ဟုပြောလိုက်ရာ

Kai က"ကိုယ်က MDဘဲ"

Manager::ဒါဆို Interview က…

Kai::အားလုံးပြန်လွှတ်လိုက်တော့ဒီနေ့ကစပြီး ငါ့ Secretary က Lu hanဘဲ"

Flashback ends…

သြော်စတွေ့တဲ့အချိန်ကစပြီးကို့ကို ကာကွယ်ပေးတဲ့မိန်းကလေး…မင်းနဲ့တူတူနေရမဲ့ရက်တွေကိုတွေးရင်းရင်ခုန်နေပြီကွာ~

______

ဗုဒ္ဓဟူးနေ့ Mission day~~

Kai သူ့အကြံသူတွေးပြီးပျော်နေလေသည်။

အရင်ဆုံးManagerကြီးကို ဖြောင်းချန်းဒုံမှ တိုက်ခန်းတစ်ခန်းထုတ်ခိုင်းမည်။ပြီးမှ ညနေ၃နာရီတွင် Lu နဲ့ Meeting ရှိသလိုသွားမည်။ကားကသူကိုယ်တိုင်မောင်းနေကျ၊ Lu ကလဲသူ့ Secretary ဆိုတော့အတူတွဲတွေ့တာမထူးဆန်းအဲ့လိုအဲ့လိုပထွက်ပြီး တိုက်ခန်းမှာ Luနှင့်~~He he Omma တို့ကလဲသူ့လိုတစ်ဦးတည်းသောသားလေးကိုဘယ်လောက်မျက်နှာလွှဲနိုင်မှာလဲ။နောက်ဆုံးတော့လက်မြောက်ပြီးပြန်ခေါ်ရမည်သာ~~ပြန်ခေါ်လောက်သည့်အချိန်ထိလဲ အေးဆေးထိုင်စားနိုင်သောငွေကိုလဲငွေသားနှင့်ယူသွားသည်။(သိန်း ၃၀၀၀ လောက်ပေါ့ ဒါကျွန်တော့ရဲ့၆လစာသုံးငွေဘဲရှိပါသည်)

A String AttachedWhere stories live. Discover now