*********

ထိုအချိန်မှာပင် Sooသည်လဲ အခန်းထဲတွင်ခေါက်တုံ့ခေါက်ပြန်လျှောက်ကာ အစီအစဉ်တစ်ခုဆွဲနေလေသည်။

Ommaတို့ကပြောလို့ရမည်မဟုတ် ရောဂါဗန်းပြပြီးအတင်းအကျပ်စီစဉ်လိမ့်မည်။အရင်ဆုံးချော်လဲရောထိုင်တော့လုပ်ရမည်။

သူကတော့သူအရမ်းချစ်ရသော Sehun နဲ့မခွဲနိုင်ပါ။Suho ကြောင့်စိတ်ဒဏ်ရာရပြီးနောက်တွင် Soo အနားမှာ အရိပ်တကြည့်ကြည့်နှင့်စောင့်ရှောက်ပေးသော၊ မျက်ခုံးထူထူတန်းတန်းနှင့်ယောက်ျားဆန်သောမေးရိုးချွန်ချွန်ကိုပိုင်ဆိုင်သော Hun နဲ့သူမဝေးချင်ပါ။ဒီတစ်ခေါက်သာချစ်သူနှင့်ကွဲလျှင် sooသေနိုင်သည်။ မတတ်နိုင်။kai ဆိုသောသူကိုတော့အားနာမိပါရဲ့။အချစ်ရှိလျှင်သူလဲနားလည်နိုင်မှာပါ…sooဆုံးဖြတ်ချက်ချပြီး ဖုန်းဆက်ရန်ပြင်လိုက်စဉ် soo ဖုန်းပေါ်တွင် မမြင်ဖူးသောနံပါတ်နှင့် ဖုန်းထမြည်လာသည်။ Sooလဲဖုန်းကိုင်လိုက်ရာ…

"Hello ဒါsoo ရဲ့ဖုန်းပါလးခင်ဗျာ?ကျွန်တော်က kaiပါ"

soo ကြက်သီးကးပင်ထချင်ချင်…Sooလဲသူ့ဆီကို Ph ဆက်မလို့လုပ်တုန်း သူစဆက်လာသည်လေ…Soo လက်ထဲကိုင်ထားသောစာရွက်နဲ့တိုက်ကြည့်တော့ သူမှသူအစစ်!Sooလဲအံ့သြသွားပြီးမှလေသံကိုထိန်းကာ…

"သြော်ဟုတ်ကဲ့ ပြောပါရှင်"

"ခုဆိုကိုယ်တို့မိဘတွေသဘောတူထားတဲ့ကိစ္စကိုသိပြီးလောက်ပြီပေါ့"

"ဟုတ်ကဲ့ကြားပြီးပါပြီ…ဒါပေမဲ့…"

Soo စကားပင်မဆုံးလိုက်။Kaiမှ…

"ဒါဆိုပြောရတာအဆင်ပြေသွားပြီ။ကျွန်တော်လိုရင်းဘဲပြောမယ်ဗျာ။ မင်းမှာလဲချစ်သူရှိတယ်လို့ကျွန်တော်ကြားတယ်။ကျွန်တော့မှာလဲရှိတယ်။အခုအခြေအနေကမိဘတွေက အတင်းစီစဉ်ကြမဲ့သဘောမှာရှိတယ်။ကျွန်တော်လဲကျွန်တော့ချစ်သူနဲ့မဝေးချင်ဘူး…မင်းလဲမဝေးချင်လောက်ဘူးလို့ထင်တယ်။ဒီတော့…ကျွန်တော်တို့ကိုယ့်ချစ်သူနဲ့ကိုခိုးပြေးကြရင် မကောင်းဘူးလား?"

Soo တော်တော်အံ့သြသွားသည်။ဘယ့်နှယ့် ဒီလူ Soo ရင်ထဲထိုးဖောက်မြင်သည့်အလား soo ပြောချင်သည့်စကားတွေကို ပြောချသွားသည်လေ…soo ကလဲသူ့ဆီဖုန်းဆက်ပြီး သူနဲ့ဇာတ်တိုက်ကာ Hunနဲ့ထွက်ပြေးရန်ကြံစည်ထားသည်လေ…

အခုသူ့မှာလဲချစ်သူရှိတယ်ဆိုတော့ ပိုတောင်အဆင်ပြေသွားသည်။ Soo အားနာစရာမလိုတော့ဘူးပေါ့။Sooလဲကြာကြာမစဉ်းစားတော့ဘဲ"အမှန်တော့ ကျွန်မလဲရှင့်ကိုဖုန်းဆက်ပြီး ဒီအကြောင်းပြောမလို့ဘဲ။ Ok!ကျွန်မသဘောတူတယ်။ ကျွန်မတို့တစ်နေ့ထဲလုပ်ရင်ကောင်းမယ်ထင်တယ်"

Kaiလဲထိုအခါမှစိတ်အေးသွားကာ "ဟုတ်ပြီ!နှစ်ဖက်မိဘတွေ့ဆုံပွဲလုပ်မယ်ဆိုတာ နောက်တစ်ပတ်ဗုဒ္ဓဟူးနေ့လို့ပြောသံကြားတယ်။အဲ့ဒီနေ့ဆိုရင်ရော?"

Soo လဲ"Ok တယ်။ဒီကြားထဲကျွန်မတို့စီစဉ်ချိန်လဲရတယ်" Kai လဲထခုန်မတက် ဝမ်းသာသွားသည်။ တစ်ဖက်မှဖုန်းပြောနေသော Sooဆိုသည့်ကောင်မလေးကိုလဲ ကျေးဇူးတင်သွားသည်။ထို့ကြောင့်…

"ကဲ  ဒါဆိုမင်းလဲမင်းချစ်သူနဲ့ပျော်ရွှင်ပါစေ။ကျွန်တော်တို့plan တွေလဲအောင်မြင်ပါစေ ဗျာ…Good Luck!"

သူဒီလိုပြောတော့လဲ Soo မဆိုစလောက်ဝမ်းနည်းစိတ်လေးဖြစ်မိသည်။ ထို့ကြောင့်"ဟုတ်ကဲ့ Good luck ပါ"

"ဟို" နှစ်ယောက်သားပြိုင်တူပြောမိကြသဖြင့် ရယ်မိကြသည်။ Soo က"ရှင်အရင်ပြောပါ"ဟုဆိုတော့ kai က

"ကျွန်တော်တို့နှစ်ယောက် ဒီပုံစံနဲ့သာ မတွေ့ခဲ့ရင်သူငယ်ချင်းကောင်းဖြစ်မှာနော်။စိတ်တူကိုယ်တူရှိတယ် ဟဲဟဲ"

သူအဲ့လိုပြောမှsooလဲတစ်မျိုးလေးဖြစ်ကာ

"ရေစက်ရှိရင်တော့ တစ်နေ့တွေ့မှာပါ အခုတော့ ကျွန်မတို့အချစ်အတွက်အားတင်းထားကြတာပေါ့.Hi-five?"

"Ok! Hi-five" နှစ်ယောက်လုံးပြောပြီးပြိုင်တူဖုန်းချလိုက်သည်။ ထိုနေ့ညအိပ်မက်ထဲမှာတော့ Soo.နဲ့ Kai ချစ်သူကိုယ်စီနှင့် ပျော်ရွှင်စွာ…

…………Part-3 ends………

Thz for reading

Plz vote for me~

A String AttachedWhere stories live. Discover now