Chapter - 20 ( 🚨🔞🚨 )

Start from the beginning
                                    

မင်းစောင့်ကြည့်လိုက်ရှုယွမ် … Lion ကို မင်းဘယ်တော့မှ မဖော်ထုတ်နိုင်စေရဘူး …

ဂျိုးလ်ခေါ်သွားတဲ့နေရာက သူ့တို့အလင်းနယ်မြေရဲ့ အထင်ကရနေရာတစ်ခုဖြစ်သလို ကမ္ဘာကျော် အဖွဲ့အစည်းတွေရဲ့ခေါင်းဆောင် နိုင်ငံ့ဝန်ကြီးတွေနဲ့ ရှေ့နေ ရဲအရာရှိ စသည့် အလင်နယ်မြေက အကြီးအကဲများ သွားရောက်တတ်သည့် နေရာတစ်ခုဖြစ်တယ် …

ဒါက ဖန်းဂူရောက်မလာသင့်တဲ့နေရာတစ်ခုပဲ … ဖန်းဂူက အနက်ရောင်ကုတ်အရှည်ကိုဝတ်ထားပြီး ဘယ်လောက်ပဲ သူ့ပုံစံကခန်းညားသည်ဆိုစေကာမူ အလင်နယ်မြေရဲ့ လူသားတွေရဲ့ ဝတ်ဆင်ပုံနဲ့ကွဲပြားနေ၍ သူ့ပုံစံက လူကြားထဲမှာ တစ်မျိုးတစ်ဖုံ ထင်ပေါ်နေတယ် …

ဒီအဆောက်အဦးရဲ့အောက်မှာရှိတဲ့လူသားတိုင်းရဲ့ ဟော်မုန်းနံ့တွေက စင်ကြယ်ပြီး အားလုံးက အဆင့်မြင့် အယ်ဖာ အိုမီဂါတွေဆိုတာ ခန့်မှန်းနေစရာပင်မလိုခြေ … သူတို့အားလုံးက တောက်တောက်ပြောင်ပြောင်ဝတ်ဆင်ထားကြပြီး ပါတီတစ်ခုသို့ရောက်နေသည့်နယ် … ကံကောင်း၍ ရှုယွမ်ကလဲ အနက်ရောင်ကိုဝတ်ဆင်ထားပြီး ရှန်ဖန်ဂူနဲ့ရှုယွမ်ဟာ သွေးသောက်ညီအကိုများသဖွယ် ထင်ရကာ ဘယ်သူမှ ဖန်းဂူကို သံသယမဝင်ခြေ …

ရှုယွမ်ကို အသေအခြာပင် ဒီနေရာနဲ့ ရင်းနီးကြွမ်းဝင်ပေမဲ့ ဖန်းဂူလို ဆန့်ကျင်ဘက်နယ်မြေက လာတဲ့လူတစ်ယောက်အတွက် အရာရှိတွေရဲ့နေရာနဲ့ အကျွမ်းသဝင်မရှိလှဘူး … ဖန်းဂူစိတ်ကျဉ်းကျပ်နေပုံကိုမြင်ရတော့ ဂျိုးလ်က စိတ်မကောင်းဖြစ်သွားတယ် …

" Mr.ဖန်းဂူ ဒီလိုနေရာတွေကြိုက်မယ်ထင်ထားတာ …

ဘာအဆင်မပြေတာရှိလို့လဲ … သဘောမကျလို့လား "

" Mr.ဂျိုးလ် … ကျွန်တော်ဒီနေရာကို သဘောကျပါတယ် "

ဖန်းဂူအဆင်ပြေတယ်ပြောတော့မှ Mr.ဂျိုးလ်စိတ်အေးသွားပြီး သူတို့အတွက် စာပွဲဝိုင်းတစ်ခုကို ပြင်ဆင်စေပြီး စားဖွယ်မျိုးစုံကို ချခင်းစေတယ် …

ဒီအဆောက်အဦးရဲ့အောက်ထက်ကိုကြည့်လျှင် စာဖွယ်ရာအစုံအလင်ရရှိတဲ့ စားသောက်ဆိုင်တစ်ခုနဲ့တူပေမဲ့ အပေါ်မှာ မြောက်များစွာသော အခန်းများ ဖွဲ့စည်းထားကာ အပန်ဖြေစေဖို့ အလုပ်ကိစ္စများဆွေးနွေတိုင်ပင်ဖို့ အကောင်းဆုံးနေရာတစ်ခုလဲဖြစ်တယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now