Zawgyi
Chapter 1-ကိုယ့်ရဲ့ VPA ဖြစ်ပေးပါ
Lisa's POV
စားပွဲခုံပေါ်မှာရှိတဲ့ စာရင်းဇယားတွေ စစ်နေရပေမဲ့
ဒီနေ့တော့ စိတ်မပါဘူးဖြစ်နေတယ် ဘယ်လိုမှ အာရုံထားလို့မရဘူး
ဒီနေ့က ကိုယ်စောင့်မျှော်နေခဲ့ရတဲ့ နေ့လေးဖြစ် လာဖို့ ဆုတောင်းတယ်
ဒီနေ့တော့ ကျွန်မဆီကို သူမ လာဖို့ မျှော်လင့်တယ် ဘာပဲ ဖြစ်ဖြစ် သူမ လာမှာပါ ကျွန်မစီစဉ်ထားတဲ့ အတိုင်း ဖြစ်လာမယ်ဆိုတာ သေချာနေပြီမို့လို့။ စဉ်းစားနေတုန်းမှာပဲ ဖုန်းမြည်သံကြားလို့ ကောက်ကိုင်လိုက်တယ်။
Receptionist: Ms.Kim ဆိုတဲ့သူ ရောက်နေ ပါတယ် ကြိုချိန်းထားတာတော့ မရှိဘူး C.E.O နဲ့တော့ ပြောစရာရှိပုံပဲ သူမကိုအပေါ်လွှတ်လိုက် ရမလား
ကျွန်မစီစဉ်ထားတာ အလုပ်ဖြစ်မယ်ဆိုတာ ပြောခဲ့သားပဲ
Lisa:လာခဲ့ခိုင်းလိုက်
ဒါဆို အဆင်ပြေပြီ သူမနဲ့ တွေ့ရင် ကျွန်မကို ဘာလို့ထားခဲ့တာလဲ ဆိုတဲ့အကြောင်း ပြောလို့ ရပြီ
အရာအားလုံး အဆင်ပြေသွားမယ် ကျွန်မတွေးတဲ့အတိုင်း ရိုးရိုးလေးနဲ့ ပြီးသွားမလား ဒါမှမဟုတ် ကျွန်မဆီက အလုပ်ရဖို့ တောင်းဆိုနေမလား ကျွန်မလိုချင်တာ ဒါပဲလေ။ စိတ်ထဲမှာတော့ သူမကို ဒီလိုမျိုး လုပ်တာက မဖြစ်သင့်ဘူးဆိုပြီး ခံစားနေရတယ် ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ ပျော်တယ် ဒီလောက် နှစ်တွေကြာပြီးမှ ကျွန်မရဲ့ Baby NiNi လေးကို ပြန်ရှာတွေ့တာလေ ကျွန်မတို့ ဘွဲ့ယူတဲ့ နေ့ကတည်းက ရှာမတွေ့တော့တာ ၁၀ နှစ် ရှိပြီ ၁၀နှစ်!!!
အဲ့ဒီ ဘွဲ့ယူမဲ့နေ့မှာပဲ လက်ထပ်ခွင့်တောင်းဖို့ စီစဉ်ခဲ့တာ ဒါပေမဲ့သူမက ထွက်ပြေးသွားတယ်လေ ဘာကြောင့်လဲ ဆိုတာ ကျွန်မ အခုထိ မသိရ သေးဘူး ဘာတွေများ အမှားလုပ်မိခဲ့လဲလို့ အကုန်စဉ်းစားကြည့်ပေမဲ့ ဘာအမှားမှ မလုပ်မိခဲ့ဘူးဆိုတဲ့ အဖြေပဲ ထွက်လာတယ် ဒီလောက်နှစ်တွေ ကြာပြီးနောက်မှာကို
ကျွန်မဆီမှာ သူမကို မေးဖို့ မေးခွန်းတစ်ခုပဲ ရှိတယ်
"ကျွန်မကို ဘာကြောင့် ထားခဲ့ပြီးတော့ ထွက်ပြေးသွားခဲ့တာလဲ"
ESTÁS LEYENDO
LiLi's One and Only Girl
RomanceNot Mine Original Title - His Very Personal Assistant Original Writer - sweetchoclate9
