ချာတိတ်​ 🍑 5 🍑 Final

Start from the beginning
                                    

"က​လေး​တွေနဲ့ အဆင်​​ပြေရဲ့လား "

"​ပြေပါတယ်​ မာသာ"

"သား အ​ပေါ် ဆိုးကြ​သေးလား"

"မဆိုး​တော့ပါဘူး လိမ္မာ​နေပါပြီ "

"သူတို့​ဆိုးရင်​​ပြော​နော်​ သား"

"ဟုတ်​ကဲ့ "

"ကဲ မာသာ သွား​တော့မယ်​​နော်​ ​စော​စောစီးစီး အိပ်​​တော့"

"ဟုတ်​ကဲ့ ​ကောင်း​သော ညချမ်းပါ မာသာ"

"​အေးပါကွယ်​"

မာသာ ထွက်​သွားမှ လက်​ထဲက ဖုန်း​လေးကိုကြည့်​မိပြီး တုံးလုံးလှဲချလိုက်​သည်
ဦးနဲ့ ပတ်​သတ်​တဲ့ အရာ​တွေ ကျ​နော့်​မှာ ဘာမှမရှိပါဘူး ဒီဖုန်း​လေး တစ်​လုံးပဲရှိတာပါ
ဦး ပထမဆုံး ဝယ်​​ပေးခဲ့တဲ့ ဒီဖုန်း​လေးပဲ ရှိတာပါ

စောင်​​လေးကို ခြုံလိုက်​ကာ မျက်​လုံးတို့မှိတ်​ချမိသည်

"luhan "

မာသာ ရဲ့ အသံကြား​သော​ကြောင့်​ ထကြည့်​မိသည်

"ဘာလို လို့လဲ မာသာ"

"မာသာ တို့နဲ့ ခဏလိုက်​ခဲ့​နော်​"

"ဟုတ်​ကဲ့"

မာသာ ​နောက်​လိုက်​သွားရသည်
ဒီအချိန်​ကြီးမှ ဘာကိစ္စ ရှိလို့ပါလိမ့်

"ထိုင်​ သား"

"ဟုတ်​ကဲ့"

"ဒီက လူကြီးမင်းရဲ့ သူ​ဌေးက သားကို ​မွေး စား ချင်​လို့တဲ့"

"​ဗျာ ဟို​လေ ဒီမှာက​လေး​တွေရှိပါတယ်​ ကျ​နော်​က
အသက်​​တောင်​ပြည့်​​တော့မဲ့သူတစ်​​ယောက်​ပါ တခြားက​လေး​တွေ​လေ..."

"မရပါဘူး ဦးတို့ သူ​​ဌေးက မင်းကိုပဲ လိုချင်​တာတဲ့
ခုသူလည်း လာ​နေပါပြီ ဒါမဲ့ လမ်းမှ အခက်​အခဲ​လေး​တွေ ရှိ​နေလို့ မနက်​ကျမှ​ရောက်​မှာမို့ ဦးကို ကြိုခိုင်းထားတာပါ"

"ဟို ကျ​နော်​က​လေ...."

"​မငြင်းပါနဲ့​တော့ luhan ရယ်​ ကိုယ့်​လို မိဘမဲ့
က​လေးကို ​မွေးစား​ပေးတဲ့ သူကို စိတ်​မ​ကောင်းဖြစ်​​​အောင်​မ​ငြင်းပါနဲ့"

ချာတိတ်​ 🍑Completed 🍑Where stories live. Discover now