Love create u and me(72)

Start from the beginning
                                    

ကျနော့်ရဲ့ အလင်းရောင်လေးတွေ ဘယ်များရောက်နေပါလိမ့်။

အရင်ဆို tv ရှေ့မှာ ဂိမ်းထိုင်ဆော့နေတတ်တဲ့ ရီပေါ်နဲ့သားက ဒီနေ့တော့ အစအနတောင်မတွေ့ရ။ ဒါဆိုရင်တော့ အိပ်ခန်းထဲမှာပဲ ရှိနိုင်သည်။ ရှောင်ကျန့် မိမိရဲ့အမောပြေလေးတွေကို အမြန်တွေ့နိုင်ဖို့အတွက် အိပ်ခန်းဆီကို ခပ်သွက်သွက်လျှောက်လာလိုက်တယ်။

အခန်းတံခါးကိုအသာဖွင့်လိုက်တော့ ကုတင်ပေါ်မှာထိုင်နေတဲ့ ရိ​ပေါ်။ တင်းမာနေတဲ့မျက်နှာထားနဲ့ ဒေါသကြီးနေတဲ့မျက်နှာထားကြောင့် ရှောင်ကျန့်အလိုလို ပူပန်သွားရသည်။ ကျနော်မရှိတဲ့အချိန် ဘယ်သူနဲ့များရန်ဖြစ်ထားတာလဲ။

"ရီပေါ်!"

ပူပန်စိတ်နဲ့အတူ ဒေါသကြီးနေတဲ့ကောင်လေးအနား သွားဖို့ကြိုးစားလိုက်သော်လည်း ဘယ်ကထွက်လာမှန်းမသိတဲ့ သားက လက်ကိုလာဆွဲသည်။

"မင်း ပါးပါးအမွှေစိန်ကိုစိတ်တိုအောင်အပြစ်တခုခုလုပ်ထားတာလား "

ခပ်တိုးတိုးမေးလိုက်တော့ အနှီပုစိက စိတ်လေသလို မျက်လုံးလန်ရင်း ရှောင်ကျန့်ကိုခေါင်းငုံ့ဖို့ လက်ယက်ပြသည်။ ရှောင်ကျန့်လဲ ထို ၃ပေအရွယ်ချီးထုပ်အနား ​ခေါင်းငုံ့ပေးလိုက်တော့

"ပါးပါး​လေ မနက်ကအန်တယ် ထမင်းလဲမစားနိုင်ဘူး နေ့လည်ကျတော့လဲ မူးလဲသေးတယ် အဲ့တာနဲ့ ဖိုးဖိုးတို့က ဦးဦးကျိုးချန်ကိုဖုန်းဆက်​ခေါ်ပြီးစမ်းသပ်ခိုင်းလိုက်တာ !

ဦးဦးကျိုးချန်ပြန်သွားတည်းက ခုလိုဖြစ်နေတာပဲ တနေကုန် တားတို့ကိုဘာမှမပေါက်ကွဲဘူးဆိုတော့ အပြစ်ရှိတဲ့သူက အိမ်ပြန်မလာသေးတဲ့ မစ္စတာရှောင်ကလွဲလို့ ဘယ်သူဖြစ်နိုင်လို့လဲ"

မျက်လုံးမျက်ခုံးပင့်ကာဝင့်ကာနဲ့ လက်ကိုဟန်ချီချီပိုက်ပြီး ပြောနေတဲ့ရိကျန့်ကို ရှောင်ကျန့် မအီမသာပြုံးပြလိုက်ရတယ်။

သားတော်မောင်ပြောတာလဲမှန်နေတာပဲလေ။ အကယ်၍ ရိကျန့်သာ အပြစ်လုပ်ထားမယ်ဆိုရင် အခုချိန်ထိ ဒီဒေါသအိုးလေးက ဒေါသထွက်နေမယ်မထင်။ ဘာလို့ဆို ဟိုလူလည်လေးက သူ့ပါးပါးပေါက်စကို အမျိုးမျိုး ချွဲပြီးတီတီတာတာပြောလိုက်တာနဲ့ ရီပေါ်ကခွင့်လွှတ်ပြီးသားပဲ။

love create u and meWhere stories live. Discover now