Love create u and me(12)

15.2K 1.2K 22
                                    

Zawgyi

ရှောင်ကျန့် ရီပေါ်နိုးလာမဲ့အချိန်ကိုမျှော်လင့်တကြီး စောင့်မျှော်နေမိသော်လည်း.... ရီပေါ်နိုးလာရင် ကြုံတွေ့ရမဲ့ မုန်းတီးမှု ရန်လိုမှုတွေကိုရင်ဆိုင်ဖို့ကြောက်ရွံ့နေမိသည်။

ကျနော်သတ္တိကြောင်တဲ့လူတယောက်တော့မဟုတ်ဘူး။လူမုန်းခံရမှာကိုလဲမကြောက်တတ်ဘူး...။ဒါပေမဲ့ သူနဲ့ပတ်သက်လာရင် ကျနော့်နှလုံးသားကနူးညံ့လွန်းတယ်။ခံစားလွယ်လွန်းတယ်။အရာရာကကျနော့်အတွက် အရေးပါတဲ့ခံစားချက်တွေအဖြစ်နေရာယူထားတယ်။

သူကျနော့်ကိုအရင်ကထက်မုန်းတီးနေမှာ သိပေမဲ့... အဲ့မုန်းတီးမှုတွေကိုရင်ဆိုင်ဖို့ ကျနော့်နှလုံးသားကအဆင်သင့်မဖြစ်သေးဘူး..။ကျနော့်ရင်ထဲကသူလှည့်စားခဲ့တဲ့နှလုံးသားက အခုထိအကောင်းတိုင်းပြန်မဖြစ်သေးဘူး..။ရီပေါ့်ရဲ့အမုန်းတွေက ကျနော့်အတွက်တော့ လူသတ်လက်နက်တခုလိုပဲ...။ကျနော့်နှလုံးသားကိုအကြိမ်ကြိမ်သေဆုံးစေနိုင်တယ်.။

အခုချိန်ကရီပေါ့်အတွက် စိတ်အပင်ပန်းဆုံးအချိန်ဖြစ်နေမှာ....။ သဘာဝတရားကြီးကိုဆန့်ကျင်ပြီး... သူမုန်းနေတဲ့လူရဲ့ကလေးကိုလက်ခံဖို့ဆိုတာ ဘယ်လိုမှဖြစ်နိုင်မှာမဟုတ်ဘူး...။

ကျနော်ရီပေါ်ကိုမရရတဲ့နည်းနဲ့ လက်ခံလာအောင်ကြိုးစားရမှာပဲ..။ဒါပေမဲ့ ကျနော်အရင်ကလို..ဒေါသရှေ့ထားပြီး ရီပေါ်ကိုအနိုင်ကျင့်တဲ့လုပ်ရပ်မျိုး တော့ ဘယ်တော့မှ မလုပ်တော့ဘူး...။ကျနော့် ကောင်လေး ကျနော့်ကိုမုန်းရုံတင်မကပဲ နာကြည်းသွားလိမ့်မယ်...။

ရှောင်ကျန့် အရင်ဦးဆုံးလုပ်ရမဲ့အရေးကြီးကိစ္စကို သတိရသွား၍ ဟွိုက်ခွမ်းကိုဖုန်းခေါ်လိုက်သည်...။

တူ တူ တူ...📲

XZ..(ဟယ်လို....)

HK..(ဟယ်လို...ရှောင်ကျန့်...မင်းကွာ...ဘာလို့ခုမှဖုန်းဆက်ရတာလဲ...ငါတို့မှာမင်းကိုစိတ်ပူလို့ ဖုန်းဆက်တိုင်းလူကြီးမင်းနဲ့တိုးရင်တိုး မတိုးရင်မကိုင်တာချည်းပဲ..$#@$.....)

ဖုန်းထဲကဆက်တိုက်ထွက်ပေါ်လာတဲ့ဟွိုက်ခွမ်းအသံတွေကြောင့်...ရှောင်ကျန့်ဖုန်းကိုနားဘေးမှ ခွာ၍ သက်ပြင်းချလိုက်မိသည်...။ဟွိုက်ခွမ်းလဲ တဖြည်းဖြည်း စကားများလာပြီ...။ကျနော် စကားများတဲ့သူတွေအရမ်းမုန်းတာပဲ...။နားငြီးလွန်းတယ်...။

love create u and meWhere stories live. Discover now