Episode 9 (Unicode)

Start from the beginning
                                    

ကားကို အရှိန်လျော့ပြီး လမ်းဘေးကပ်ရပ်ကာ Injun ထိုင်နေဆီကို လှမ်းကြည့်မိသည်။ ဘေးဘီဝေ့ဝဲကြည့်တော့ မည်သူမျှရှိမနေ။ အိမ်မှာ စာမလုပ်ဘဲ ဒီမှာ လာလုပ်နေတာလား ? ဒါမှမဟုတ် ချိန်းထားတာ ရှိနေလို့များလား ?

ဆယ်ငါးမိနစ်နီးပါး စောင့်ကြည့်ပေမယ့် မည်သူမှ လာတာ မတွေ့သောကြောင့် Jeno သွားဖို့ ပြင်လိုက်သည်။ ကားကို ဆိုင်ဘေးနားက ကားရပ်ဖို့ ထားတဲ့နေရာမှာရပ်လိုက်သည်။

ကားပေါ်ကဆင်းပြီး မုန့်ဆိုင်ထဲဝင်ကာ မုန့်မှာပြီး Injun ထိုင်နေတဲ့ဆီသို့ သွားလိုက်သည်။ သူ့ဘေးနားသွားရပ်လိုက်တော့ မော့ကြည့်လာတဲ့ မျက်ဝန်းအစုံမှာ သတိရခြင်းတွေ ငြိတွယ်နေသလို ? ကိုယ်ပဲ အထင်မှားနေတာလား။

"အော် Jeno ပဲ"

"အင်း စာလာလုပ်တာလား"

"ဟုတ်တယ် တစ်ယောက်တည်းလာတာလား"

"ဘယ်နှစ်ယောက်မြင်လို့လဲ"

"မမြင်ပါဘူး"

"ဒါဆို ငါတစ်ယောက်တည်းပဲပေါ့"

"အင်း ချိန်းထားတာ ရှိလို့လား"

"မဟုတ်ပါဘူး ဒီတိုင်း အအေးသောက်ချင်လို့"

"အင်း"

"အိမ်မှာ စာမလုပ်ဘဲ ဒီမှာ စာလာလုပ်တာ ချိန်းထားတာရှိလို့လား"

"မရှိပါဘူး အိမ်မှာ မလုပ်ချင်လို့။ ဒီမှာကလည်း တိတ်ဆိတ်တော့ စာလုပ်ရ အဆင်ပြေတာနဲ့ လာခဲ့လိုက်တာ"

"အင်း ဒါနဲ့ ငါဒီမှာ ထိုင်နေလို့ ဖြစ်ရဲ့လား မင်းစာလုပ်ရတာ အဆင်ပြေရဲ့လား"

"ပြေပါတယ် ထိုင်နေလေ။ မင်းလည်း ဘာမှလုပ်နေတာမှ မဟုတ်တာ"

"အင်း ကျေးဇူး"

အပိုင်း (ခ)

မိုးတွေအုံ့မှိုင်းနေတဲ့ ညနေခင်းရဲ့ ကော်ဖီဆိုင်တစ်ဆိုင်တစ်ခုအတွင်း စာထိုင်လုပ်နေတဲ့ ကောင်လေးတစ်ယောက်ကို ပြုံးပြီး ငေးကြည့်နေတဲ့ ကောင်လေးတစ်ယောက်ကို ကြည်နူးဖွယ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။

စာတွက်နေရင်း မသိ၍ထင် မျက်မှောင်ကျုံ့ကာ နှုတ်ခမ်းလေးက ဆူပွပွလုပ်နေသော ကောင်လေးကို ကြည့်ရင်း Jeno အသည်းယားရပြန်သည်။

Photographer & Guitarist [JaemRen+NoRen]Where stories live. Discover now