Episode 1 (unicode)

15.2K 330 5
                                    


chen yan၊ 31နှစ်၊ ပုံမှန်ဝန်ထမ်းတစ်ယောက်၊

ရုပ်ရည်အသင့်အသင့်ရှိပြီး တည်ငြိမ်တယ်၊ ချုံပြီးပြောရရင်တော့ ရုပ်ကတော့မဆိုးဘူး။

အသိသာဆုံး ပြောရရင်တော့ သူ့အသားက အရမ်းဖြူတယ်။

ဒါပေမဲ့သူက စကားသိပ်မပြောဘဲ ခပ်တည်တည်နေတော့, လခက ပုံမှန်လောက်ဘဲရပြီး ရည်းစားလည်းမရှိဘူး။

တကယ်တော့ chen yanရဲ့ အတွင်းစိတ်ထဲက သူ့အပြင်ရုပ်လို ခပ်တည်တည်မဟုတ်ဘူး။

အမှန်တော့သူက ဂျပန်AVကြည့်ရတာကြိုက်ပြီး
အထက်တန်း ကျောင်းသူရဲ့ တင်ကို အရမ်းသဘောကျတဲ့ နာဘူးဦးလေးကြီးပါ။ အလုပ်ကလွဲလို့ သူ့ဦးနှောက်ထဲမှာ AVထဲက poseမျိုးစုံနဲ့ ချစ်စရာကောင်းတဲ့ ကောင်မလေးတွေရဲ့ **ပုံတွေဘဲရှိတယ်။

ဒါပေမဲ့ သူ့ဆီမှာ စိတ်ပိုင်းဆိုင်ရာ အားနည်းချက်တစ်ခု ရှိတယ်။

အဲ့အားနည်းချက်က Blind dateမှာ သူသဘောကျတဲ့ ချစ်ဖိုကောင်းတဲ့ ကောင်မလေးနဲ့ တွေ့ရင်လည်း ခပ်တည်တည်ဘဲ။

ချောတဲ့သူတွေကို အရမ်းကြိုက်ပြီး ချက်ချင်းဒူးထောက်ပြီး လက်ထပ်ခွင့်တောင်းချင်ပေမဲ့လည်း စကားသိပ်မပြောဘဲ အစားဘဲထိုင်စားနေမိတယ်။

အမှန်တော့ သူ့ရဲ့အရှေ့က ကောင်မလေးက ရုပ်အရမ်းမချောပေမဲ့ အရမ်းမိန်းမလိုနေတဲ့ သူ့အနေနဲ့တော့ နတ်သမီးလိုဘဲ လှပနေတယ်။

နောက်ဆုံးတော့ သူရဲ့စကားမပြောမဆိုတာနဲ့ ရိုင်းဆိုင်းတဲ့ အပြုအမူကြောင့် ကောင်မလေးက ဒေါင်းအမြီးကားသလို ရင်ကော့ကော့နဲ့ စိတ်တိုပြီးထွက်သွားတယ်။ ဒီတစ်ခေါက်blind dateလည်း ဒီလိုနဲ့ အဆုံးသတ်သွားတယ်။

အိမ်ပြန်ရောက်လာတဲ့ chen yanက ဧည့်ခန်းမှာထိုင်ရင်း ခေါင်းငုံ့ပြီး ဝမ်းနည်းစွာနဲ့  အမှားကိုပြန်စဉ်းစားတယ်။

ဒီလိုဆက်သွားလို့မဖြစ်တော့ဘူးလို့။

သူ့ကိုယ်သူပြောတယ်။

Blind dateတာ 42ခေါက်ရှိပြီး သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ အားနည်းချက်ကိုလည်း သူသိသွားပြီ။

Lang Shen Hou De Lang Wo Geschichten leben. Entdecke jetzt