" မင်း … မင်းကများ …

ငါမင်းကို ဘဝပျက်အောင်လုပ်ပြစ်မယ် "

" လုပ်ရဲလုပ်ကြည့်လေ …

အဆီဖုံးလေးတဲ့ ခများဟာကြီးက အရင်းကနေဖြတ်ပြီး ခွေးကြွေးပြစ်မယ် "

ဘာကြောင်းမှန်းမသိ အဲ့ဒိလူကြီးက နေရာ၌ရပ်ပြီးအော်နေခြင်းကြောင့် သူတကယ်မလုပ်ရဲဘူးဆိုတာမင်းယွီသိနေ၍ ကြောက်စိတ်နည်းနည်းလေးမှမရှိပေ …

" ငါမင်းကို နိုင်ငံခြားကို ရောင်းစားပြစ်မယ် "

" ခများဗိုက်ခေါက်ကို လှီးရောင်းရင်တောင် ကျွန်တော့ထက် ပိုက်ဆံရလိမ့်အုံးမယ် "

မင်းယွီရဲ့ မထိမဲ့မြင်ပြုမှုတွေကြောင် ဝက်ကြီးဝမ်ကျောက်ရိကတော့ သူ့ဘဝမှာ ပထမဆုံး သူကိုမကြောက်မလန့် စော်ကားနေတဲ့လူကိုတွေ့ရတဲ့အခါ ဒေါသကြောင့် အသားတွေတစ်ဆက်ဆက်တုန်နေပြီး သူ့ရဲ့ဗိုက်ခေါက်ကြီးက အထက်အောက်လှုပ်ရှားနေတယ် .… ထိုအခါ မင်းယွီ ရယ်ချင်စိတ်တို့ကို ထိန်းမနိုင်တော့ပဲ ရယ်ချလိုက်တော့တယ် …

" ခွီး … ဟား "

" သူ့ကိုသတ်စမ် … ခုချက်ချင်းသတ် …

ငါ့မျက်စိရှေ့မှာ မမြင်ချင်ဘူး "

သူအော်နေပေမဲ့ အစောင့်တွေက တုတ်တုတ်မျှမလှုပ် … ထိုစဉ် အခန်းတံခါးပွင့်လာကာ လူတစ်ဦး ဝင်ရောက်လာခဲ့တယ် …

ထိုလူက မင်းယွီ ရှန်ဟွှာအိမ်တော်မှာတွေ့လိုက်ရတဲ့ သူ့ကို ဖမ်းခေါ်လာခဲ့သူ ဖြစ်ပြီးတော့ ယခုသူ့ရဲ့ပုံစံဟာ အိမ်တော်ကို ရောက်လာသလိုမျိုး လူကြီးလူကောင်းပုံစံထက် အနက်ရောင်အငွှေ့တွေထွက်နေတဲ့ မိစ္ဆာတစ်ကောင်နဲ့ ပိုတူနေတယ် …

ထိုလူကိုလဲမြင်ရော ဝမ်ကျောက်ရိက ချက်ချင်းအရိုအသေပေးလိုက်ပြီး နှုတ်ဆက်နေတာကို မင်းယွီမြင်လိုက်ရတယ် …

ဒီလိုဆို ဝက်ကြီးက သူ့ကိုဘာကြောင့် ဘာမှမလုပ်ရဲတာလဲဆိုတာ မင်းယွီသဘောပေါက်သွားတယ် … သူအဖမ်းခံရတဲ့လူက အဲ့ဒိဝက်ကြီးထက် အင်အားကြီးတဲ့သူပဲ …

" သခင်အဲလက်စ် …

ကျွန်တော်ကောင်းလေးကို ခေါ်လာခဲ့တယ် "

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now