ထိုစဉ်အနောက်မှအသံတစ်သံ ထွက်ပေါ်လာပြန်တယ် …

" သား "

' ဖေဖေ ' လို့ ခေါ်လိုက်ချင်ပေမဲ့ သူမြင်လိုက်ရတဲ့လူက မျက်နှာစိမ်းနဲ့လူတစ်ယောက် … သူ့ရဲ့ပုံစံက သန်မာပြီး အယ်ဖာတစ်ယောက်နဲ့တူပေမဲ့ သူ့မျက်ဝန်းတွေက သိသိသာသာကို နီရဲနေတယ် … ဒီလူမှာအငွှေ့တွေ ရှိမနေသလို သူ့ပုံစံက ခံစားချက်အပြည့်နဲ့မို့ သက်ရှိလူသားမှန်း မင်းယွီသိလိုက်တယ် …

သူ့နှုတ်က ဘာအသံမှထွက်မလာနိုင်၍ ထိုလူဘာပြောမလဲ မင်းယွီစောင့်ကြည့်နေလိုက်တယ် … ထိုစဉ် အဲ့ဒိလူကြီးက သူ့ရဲ့ဝမ်းဗိုက်ကို ညွှန်ပြလိုက်ရင်း …

" မင်းရဲ့အဖိုးကိုစောင့်ရှောက်ပါ "

" …… "

ဘယ်လိုအိမ်မက်ကြီးလဲ … ငါ့ဗိုက်ထဲကို သရဲတစ်ကောင် ဝင်လာတာလား … အား … !

' ဟောဟဲ … ဟောဟဲ '

အိမ်မက်ဆိုးကနိုးထလာတော့ မင်းယွီအခန်းတစ်ခုထဲကိုရောက်နေတယ် … သေချာတာကတော့ ကောင်းတဲ့နေရာမဟုတ်ဘူး … ဘာကြောင့်လဲဆိုတော့ မနက်က ကိစ္စတွေကို ကောင်းကောင်းကြီးမှတ်မိနေလို့ပဲ …

ဖန်းဂူနဲ့ဆက်ဆံပြီးနိုးထလာတဲ့အခါ ဗိုက်ထဲကနေရထိုင်ရခက်လာတာနဲ့ toilet သွားဖို့ထွက်လာခဲ့တယ် … အဲ့ဒိအထိ ပြဿနာမရှိသေးဘူး … ကိစ္စရှင်းပြီးလို့ အပြင်ကို ထွက်လာခါမှ မနေ့ညက ဝက်စုတ်နဲ့တိုးပြီး အဲ့ဒိနောက်သတိမေ့သွားခဲ့တယ် …

" နောက်ဆုံးတော့ နိုးလာပြီပေါ့ … ဟမ် …

မင်းဘယ်ရောက်နေလဲကြည့်စမ်း "

သူ့ကိုယ်ပေါ်မှာ ဝတ်ဆုံအပြည့်ရှိနေတော့မှ မင်းယွီသက်ပြင်းချလိုက်တယ် …

သူ့ထံစကားလှန်းပြောနေတဲ့သူကိုကြည့်လိုက်တော့ ဝက်တစ်ကောင်ကိုမီးကင်ထားသလို ဒေါသကြောင့်နီရဲနေပြီး အဲ့ဒိလူဘေးနားက ရပ်နေတဲ့အစောင့်တွေတာ မရှိရင် သူ့ထံပြေးလာပြီး လက်သီးနဲ့ ထိုးတော့မည့်အလား …

မင်းယွီက နှာတစ်ချက်မှုတ်လိုက်ရင်း …

" ခများက အကန်ခံရတာကောင် အမှတ်မရှိဘူးလား … ဝက်စုတ် "

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now