" ....... ''

" ပြီးရင် ဒီပါနဲ့လေ့ကျင့်ခန်းလုပ်ရမယ်နော် ခြေထောက်တွေကိုကြည့်ရအောင် စောင်ကိုလှပ်မယ်နော် ''

"...........''

" ဒီပါ မင်းမှန်မှန်နှိပ်ပေးရင် သူလမ်းလျှောက်နိုင်လာမှာပါ ''

" အင်းပါ ငါကြိုးစားနေပါတယ်။ ''

" အကို ထမင်းစားတော့မလားဟင်? Steven က သူ့အချစ်ရဲ့လက်ရာဆိုပြီး လာကြွားရင်း ဝက်ပုန်းရည်ကြီးဟင်း လာပို့ထားတယ်။ ကျွန်တော် ခွံကြွေးမယ်လေနော် ''

" ...............''

" အကိုက လိမ္မာလိုက္တာ အကိုစားပြီးရင် ကျွန်တော် စားမယ် ပြီးရင် ခြံထဲ ဆင်းကြမယ်နော်။ ''

"...........''

" မင်းအကို့ကို ထမင်းကျွေးလိုက်ဦး ငါပြန်ဦးမယ်။ ''

" အင်း ''

ထို့နောက် Steven ပေးသော ပန်းကန်လေးကိူကိုင်ကာ အိမ်နောက်ဖေးသို့သာ ဝင်ခ့ဲတော့သည်။ ကျွန်တော် ဝမ်းနည်းလိုက်တာ။ ကျွန်တော်ကသာ တစ်ဖက်သတ်ပြောနေသော်လည်း ကျွန်တော့်ကို စကားပြန်ပြောမည့်သူမရှိ။ ထိုအိမ်ထဲတွင် ကျွန်တော့်စကားသံသာ ပျံလွင့်နေပြီး ပြန်လည်ဖြေဆိုသံက တိတ်ဆိတ်လို့နေသည်။ဒါတွေအားလုံး ကျွန်တော့်အမှားသာဖြစ်သည်။ စိတိမဆိုးပဲ ကျွန်တော့်ကို စကားပြန်ပြောပါတော့နော်။
တောင်းပန်ပါတယ် အကို။

ကျွန်တော် ပျင်းလို့ အကို့စကားသံနားထောင်ချင်တယ်။ ကျွန်တော့်ကို ဆူတဲ့အသံလေးတွေ နားထောင်ချင်တယ်။ Steven က ကိုအာကာကို ချစ်တယ်လို့ တဖွဖွပြောရင် အကို့ဆီက ကြားခွင့်မရတော့မယ့် စကားကြောင့် ကျွန်တော် ဝမ်းနည်းတယ် သိလား အကို။

ထမင်းပန်ကန်ထဲတွင် သာမာန်ထပ် ပျော့နေသောထမင်းနှင့်ပုန်းရည်ကြည်းတို့ကို မဲနေအောင် နယ္ကာ ဝက်သားတုံးများထည့် ဇွန်းတပ်ကာ အခန်းသို့ယူခ့ဲသည်။

" အကိုရေ ထမင်းစားမယ်နော် ''

" အကိုသိလား? ဒီနေ့ ကိုအာကာက Steven ကို အဖြေပြန်ပေးမှာတဲ့။ ရယ်ရတယ်မဟုတ်လား? အတူနေတာ ၁နှစ်ကြာမှ အဖြေရမ့ဲ Steven က? နောက်ပြီး အမြဲလက်ရဲ ဇာတ်ရဲဖစ်နေတ့ဲ သူက ကိုအာကာနဲ့မှ မထိရမကိုင်ရ ဖြစ်နေရတာ။ Steven ကတော်တော် ချစ်ပုံပဲ။ ကိုအာကာ သိပ်ကံကောင်းတယ် အကိုရယ်။ ကျွန်တော် သိပ်အားကျတာပဲဗျာ။ ''

MASK (  Editing  ) Where stories live. Discover now