ချာတိတ်​ 🍑 1 🍑

Start from the beginning
                                    

ဒါပါပဲ ကျ​နော့်​အ​ကြောင်း
ကျ​နော်​ ချစ်​မိတဲ့ သူမှသာလျှင်​ ကျ​နော့်​ခန္ဓာကိုယ်​ကို​ပေးအပ်​မှာပါ ဒါနဲ့ ကျ​နော့်​အတွက်​ အချစ်​ဆိုက ရှိလာပါဦးမလား ဒီလိုမျိုးပဲ​နေ​နေရတဲ့ ဘဝကြီးမှာ​လေ

"မား မား သက်​သာရဲ့လား"

"သက်​သာပါတယ်​ကွယ်​ ဒါနဲ့ သား​လေးရယ်​ ဘာ​တွေလုပ်​​နေတာလဲ မားမားကို ​ဆေးကု​ပေး​နေရလို့ သား​လေးပင်​ပန်း​နေပြီ"

ဝမ်းနည်း​နေ​သော မားမားကို ကျ​နော်​ပြုံးပြလိုက်​ပါသည်

"မပင်​ပန်းပါဘူး မားမားရယ်​ ကျ​နော်​မှာ သက်​သာတဲ့ အလုပ်​တစ်​ခုရှိတယ်​​လေ"

"ဥပ​ဒေနဲ့​ရော လွတ်​ကင်းရဲ့လား"

"ကင်းပါတယ်​ ကျ​နော်​က ရိုးရိုးသားသားပဲ ​နေတာပါ"

"ဟုတ်​ပါပြီကွယ်​ နား​တော့​လေ သား​လေး"

"ဟုတ်​ကဲ့"

မားမားကို အိပ်​ရာ​ပေါ်​နေရာချ​ပေးကာ ကျ​နော်​လည်း ကိုယ့်​အိပ်​ခန်းထဲ ကိုယ်​ဝင်​ပြီး အိပ်​ရ​တော့သည်

ပင်​ပန်း​တယ်​အရမ်းပင်​ပန်းတယ်​ သူများစီက
ပိုက်​ဆံ​တွေကို ညာယူ​နေရတာ အရမ်းပင်​ပန်း
ပါတယ်

🍑🍑🍑

"မား ကျ​နော်​ အပြင်​သွားရမယ်​ အိမ်​မှာပဲ​နေ​နော်​မား"

"အင်းပါကွယ်​ စိတ်​ချလက်​ချသွား ဂရုလည်းစိုက်​ဦး​နော်​"

"ဟုတ်​"

မားမားကို နှုတ်​ဆက်​ကာ အပြင်​ထွက်​လာခဲ့သည်
ထွေ​ထွေထူးထူး​တော့မဟုတ်​ပါဘူး မ​နေ့က​တွေ့ခဲ့တဲ့
အ​ဖေအရွယ်​ ဦး​လေးကြီးစီပဲ​ပေါ့
အဲ့လူကြီးက ပိုက်​ဆံချမ်းသာ​တော့ သူ့စီမှာ
ကပ်​စားရတာ အဆင်​​ပြေသည်

ရတဲ့ ပိုက်​ဆံ​တွေနဲ့ မကျန်​ရှိ​တော့တဲ့ မားမားရဲ့
အသက်​ကြိုးကို ဆွဲဆန့်​​နေမိသည်
ခင်​တွယ်​စရာမရှိ မားမားတစ်​​ယောက်​သာ ရှိသည်​မို့
ဘာပဲလုပ်​ရလုပ်​ရပါ​စေ အသက်​ကြိုးမျှင်​​လေးကို​တော့ ဆွဲဆန့်​ပါရ​စေ

ချာတိတ်​ 🍑Completed 🍑Where stories live. Discover now