23.လာရောက်ကယ်တင်ခြင်း/လာရောက်ကယ်တင်ခြင်း

871 118 11
                                    

" နီကျား... နီကျား...
မနိုးသေးဘူးလား? "

လီအိုက်ကျန်း နီကျားအား နှိုးနေခြင်းဖြစ်သည်။ သူတို့သုံးယောက်သား ယွမ်ရှမ်းဂူသို့ပြန်ရောက်ခဲ့ပြီး ထိုက်ရိသည် သူ၏ကျင့်ကြံဆင့်အတွက် ဂူအတွင်းသို့ဝင်ရောက်ပြီးဖြစ်သည်။ ယွမ်ရှမ်းဂူအနီးနားတွင် ရွာလေးတစ်ရွာလည်းရှိသေးသည်။ လီအိုက်ကျန်းမနက်စာအတွက် ဆန်ပြုတ်ပြုတ်ပီး နီကျားအားနှိုးနေခြင်းဖြစ်သည်။ စကားပြန်မရသဖြင့် ခေါင်းမြီးခြုံအိပ်နေသောနီကျားအနီး ဆန်ပြုတ်ခွက်တစ်ခွက်ချပေးခဲ့လိုက်သည်။
.
.
.
နီကျား သူ၏မှော်လှံချွန်ဖြင့် တရစပ်နင်း၍တိုက်ခိုက်နေလေသည်။ တဖြေး​ဖြေးဖြင့် အရေးနိမ့်လာသော ငါးမိစ္ဆာအုပ်စုသည် နောက်သို့ဖြေးဖြေးခြင်းဆုတ်ခွာသွားနေကြသည်။

" ငါ သူနဲ့ မတိုက်နိုင်တော့ဘူး "

" ငါလည်းမနိုင်လောက်ဘူး သူကစွမ်းအားတော်တော်ပြင်းတယ် "

" ငါ... ငါတို့ခေါင်းဆောင်ဆီ
သတင်းသွားပေးလိုက်အုံးမယ် "

ခြေထောက်အောက်၌မီးကွင်းဝိုင်းလေးသည် တစ်လက်လက်တောက်ပနေပြီး ခန္ဓာကိုယ်၌ပိတ်စအနီကရစ်ပက်နေလေသည်။ လက်တစ်ဖက်ကဟော့ကျန်းမှော်မီးလှံတံကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားသေးသည်။

"ဘယ်သူလဲ?!!!"

အသံဩဩဖြင့် ကျယ်လောင်စွာ အော်မေးသံကို ကြားလိုက်ရပီးနောက် မိစ္ဆာတို့၏နယ်မြေအမှတ်အသားဖြစ်သော ကျောက်တံတိုင်းနောက်မှ လူတစ်ပိုင်းငါးတစ်ပိုင်းခန္ဓာကိုယ်၌ သန်မာကျစ်လစ်တောင့်တင်းသော ကြွက်သားတို့ကအမြောင်းလိုက် ခက်ရင်းခွကြီးအားကိုင်ဆောင်ပီး သက်လတ်ပိုင်းအရွယ်မုတ်ဆိတ်နှင့်အမျိုးသားတစ်ဦး ထွက်လာလေသည်။

နီကျားကိုမြင်သည်နှင့် ဒေါသမျက်လုံးတို့ဖြင့် မှုန်မှိုင်းစွာစိုက်ကြည့်လိုက်သည်။

" လူလေး မင်းအသက်ငယ်သေးတယ် ပြဿနာလာရှာမနေနဲ့ ပြန်တော့ "

တစ်ဖက်သူ၏ပြောစကားကိုဂရုမစိုက်စွာ နီကျား
ရှေ့သို့ နှေးကွေးစွာတိုးလာလိုက်သည်။

Secondlife Of Nezha&Aobing (fanfiction) [Complete]Where stories live. Discover now