Family's Trouble

509 47 1
                                    

Mayလရဲ့အပူချိန်ကအလွန်ပြင်းထန်သောကြောင့် လူစုလူဝေးရှိရာအရပ်နှင့်ပင် အလွန်ဝေးကွာချင်နေမိပေ။T-shirtအဖြူရောင်ပွပွနှင့်အားကစားဘောင်းဘီတိုကို ၀တ်ထားပြီး ဆွဲဆောင်မှုရှိ‌သောမျက်လုံးမှေးမှေးနဲ့ကောင်လေးတစ်ယောက်ဟာ သူ၏အမေဖြစ်သူ ဆိုဂျောင်ရဲ့အခန်းတံခါးရှေ့သို့ရပ်လိုက်ကာ
"အမေ ကျွန်တော်အပြင်ခဏသွားလိုက်ဦးမယ် ညစာစားချိန်အမှီကျွန်တော်ပြန်လာ ခဲ့ပါ့မယ်"ဟုပြောကာ အိမ်ရှေ့တံခါးသို့သွားနေစဉ် အမဲရောင်T-shirtလက်ရှည်၊စတိုင်ပင်ဘောင်းဘီအကျပ်နှင့်လူတစ်ယောက်က
"သခင်လေး!သခင်လေး"
"သခင်လေးအပြင်သွားရင် ကျွန်တော့်ကိုပါခေါ်သွားရမယ်လို့ သခင်ကြီးနဲ့ သခင်မကြီးကအမိန့်ချထားပါတယ်၊အခု သခင်လေးကဘယ်ကိုသွားမှာလဲ??ဟုပြောသောအခါ ကောင်လေးက
"ရပါတယ် ဦးလေးကျွန်တော့်နောက်ကိုလိုက်စရာမလိုပါဘူး ကျွန်တော်ဒီနားလေးတင် လမ်းလျှောက်ရုံပါ ကျွန်တော့်နောက်ကိုမလိုက်ခဲ့ပါနဲ့"ဟုပြောလေသည်။

ထိုအခါ ဆံပင်အရှည်ကိုအလယ်မှခွဲစည်းကာ မိုးပြာရောင်၀မ်းဆက်ကိုယ်ကျပ်အင်္ကျီကို ၀တ်ဆင်ထားသည့် ဂုဏ်သ‌ရေရှိအမျိုးသမီးတစ်ဦးမှာ ကောင်လေးရှိရာနေရာသို့ဦးတည်၍လျှောက်လာခဲ့သည်။ထို့နောက်
"သား!ဂျယ်ဟော့"
"မင်းအပြင်သွားရင် ဦးလေးဒုံဟွန်းကိုပါခေါ်သွားရမယ် ဒါအဖေနဲ့အမေရဲ့အမိန့်ပဲ၊ပြီးတော့ မင်းအခု၀တ်စားထားပုံကိုကြည့်စမ်း သခင်တစ်ယောက်၀တ်စားပုံနဲ့တူရဲ့လား!အခုချက်ချင်း အ၀တ်စားသွားလဲ၊ ခဏနေရင်မင်းအဖေပြန်လာတော့မှာ အပြင်ထွက်ဖို့လည်းမစဉ်းစားနဲ့တော့"ဟုပြောကာ အမေဖြစ်သူ ဆိုဂျောင်ဟာအပေါ်ထပ်သို့ပြန်တက်သွားလေသည်။ဂျယ်ဟော့လေးလဲ အပေါ်ထပ်ရှိသူ၏အခန်းသို့ မျက်နှာရှုပ်မဲ့လျက်၀င်သွားလေသည်။သိပ်မကြာပါဘူး ခြံရှေ့၌ ကားမီးထွန်းသည့်အလင်းရောင်နှင့်ကားဟွန်းသံကို ကြားလိုက်လေသည်။ကားပေါ်မှ အရပ်ရှည်ရှည် ဥပတိရုပ်ကောင်းသော လူကြီးမှာ ကားပေါ်မှဆင်းလာသည်။ထိုလူသည် ဂျယ်ဟော့၏အဖေဖြစ်သူ သခင်ကြီးယွန်ဂျယ်ဟွန်းပဲဖြစ်သည်။

ထမင်းစားပွဲ၌မိသားစုစုံလင်စွာထမင်းစားနေကြချိန်တွင် ဖခင်ဖြစ်သူက
"သား"
"ဗျာ အဖေ"
"အဖေသားကိုပြောစရာရှိတယ်"
"ဟုတ်ပြောပါ အဖေ"
"ဒီနှစ်နွေရာသီပြီးရင် သားဒီမှာကျောင်းဆက်တက်စရာမလိုတော့ဘူး"
"ဘာလို့လဲအဖေ"
"သားကို အမေရိကမှာကျောင်းထားဖို့အဖေတို့ဆုံးဖြတ်ထားလို့ပဲ"ဟု ဖခင်ဖြစ်သူကပြောသောအခါ ဂျယ်ဟော့မှာ အမေဖြစ်သူ ဆိုဂျောင်၏မျက်နှာကိုလှန်းကြည့်လိုက်သည်။
ထိုအခါ "အမေလည်းမတက်နိုင်ပါဘူးသားရယ် ဒီလိုဆုံးဖြတ်ရတာဟာ မင်းကောင်းစားဖို့အတွက်ပါ"ဟုပြော၍ထမင်းဆက်စားလေသည်။မိဘစကားကိုမြေ၀ယ်မကျနားထောင်ခဲ့သော်လည်း ဒီတစ်ခါတော့ငြင်းပယ်တော့လေသည်။

Ai wa Nihon ni aru(အချစ်ကJapanမှာ)Where stories live. Discover now