အပိုင်း - ၁၅ (Zawgyi + Unicode)

Start from the beginning
                                    

နောက်ထပ် ကြားလိုက်ရတဲ့ သီချင်းက အဲလက်စ်ရဲ့ "ကလေးရယ်" ဆိုတဲ့ သီချင်း ။ ဒီသီချင်းကို ချမ်းသူငယ်ချင်းအဖွဲ့ထဲက တစ်ကောင်က ဆယ်တန်း Fresher ကောင်မလေးတစ်ယောက်ကို ဖွန်ကြောင်တုန်းက ဂစ်တာတီးပြီး အသားကုန်ဆိုခဲ့ဖူးလို့ သိနေခဲ့တာ ။

အဟမ်း...ဒီသီချင်းကမှ ကောင်းသေးတယ် ။

🎶 ကလေးရယ် ဘာကြောင့် မင်းလေးနဲ့တွေ့မှ ငါ့စိတ်တွေယိုင်ခဲ့
ကလေးရယ် အချိန်ရှိတိုင်းပဲပေါ့ မျက်စိထဲ မင်းအရိပ်တွေပါပဲ
ကလေးရယ် ငါဟာပျော့ညံ့တဲ့ စိတ်ဓာတ်နဲ့ ရူးလို့နေရမှာလား 🎶

🎶 အတွေးလေးထဲလည်း မင်းက ကလေးပါပဲ
ကလေးရေ မင်းမြင်တတ်ရင် တွေ့မှာပဲ
ရင်ထဲက သံယောဇဉ် 🎶

🎶 မင်းနဲ့ကျမှ ချစ်တတ်ပြီ ကလေးရယ် အသည်းလေးထဲက ချစ်မိပြီ
မင်းနဲ့ကျမှ ရူးရပြီ ကလေးရေ မစဉ်းစားဘဲနဲ့ ချစ်လိုက်တာ
ငါ မှားယွင်းနေလား 🎶

ခပ်တိုးတိုးလိုက်ညည်းမိရင်း စတီယာရင်ကိုင်ထားတဲ့ လက်ချောင်းတွေကပါ တလှုပ်လှုပ်နှင့် စည်းချက်လိုက်မိလေတော့

" မင်းက ဒီသီချင်းကျတော့ ကြိုက်တာလား "

" ဟမ် ဟိုဟာ ဒီ...ဒီလိုပဲ သူငယ်ချင်းတွေဆိုလို့ ကြားဖူးနေတာနဲ့ "

ဦးသာက ဆက်မေးမလာတော့ဘဲ ကားပြတင်းဘက်ကိုသာ မျက်နှာမူသွားပြန်သည် ။

ဆိုင်ရောက်လို့စားကြတဲ့အခါ ဦးသာက သူ့အတွက် ရေငှဲ့ပေး ၊ ဆလပ်ရွက်နုတာလေးတွေကို သူ့ပန်းကန်ထဲ ရွေးထည့်ပေးနဲ့ အစစအရာရာ ဂရုတစိုက်ရှိလှပါသည် ။ မျက်နှာပြုံးပြုံးရွှင်ရွှင် မရှိဘဲ မျက်နှာသေနဲ့ဖြစ်နေတာတစ်ခုလေးပဲ ။ ထိုတစ်ခုလေးကလည်း ချမ်းအတွက်တော့ တော်တော်ဆိုးပါသည် ။

တွေ့စကတည်းက ဦးသာဟာ ဒီပုံစံပဲဆိုတာကို သိသိကြီးနဲ့ သူကိုယ်၌က ဘယ်လိုမှ အသားမကျနိုင်တာ ။ တစ်လောကလုံးမှာ မေ နဲ့ လေးငယ်ရှေ့ပဲ ပြုံးပါ့မယ်လို့များ သစ္စာဆိုထားသလားတောင် ထင်ရသည် ။

အရင်ကတော့ ချမ်းက ဆိုးလို့ ၊ ချမ်းကို ကြည့်မရလို့ စသဖြင့် အကြောင်းတွေကြောင့် ချမ်းနဲ့ပြောဆိုဆက်ဆံတဲ့အခါတိုင်း မရယ်မပြုံးတာကို လက်ခံနိုင်ပါသည် ။ သို့သော်လည်း အခုဆိုရင် ချမ်းက လိမ်မာနေပြီမဟုတ်ပါလား ။ ဦးသာကိုယ်တိုင်လည်း ချမ်းအပေါ်မှာ အရင်လိုမဟုတ်ဘဲ အလိုလိုက်လာတာတွေ ၊ ဂရုတစိုက်ပြုမူလာတာတွေ ရှိလာရဲ့သားနဲ့ အပြုံးတွေကိုကျမှ တွန့်တိုရန်ကော ။

အသကျဆကျ သှေး ( အသက်ဆက် သွေး )Completed Where stories live. Discover now