အပိုင်း - ၁၅ (Zawgyi + Unicode)

Start from the beginning
                                    

🎶 ဒဏ္ဍာရီပုံဆန်တဲ့ အလွမ်းအဆွေးမျိုးနဲ့
တစ်နေ့တော့ဖြင့် တို့ကြုံမှာ မတွေးမိသေး 🎶

🎶 ကိုယ့်နှလုံးသားလေးလည်း ရင်ခုန်နှုန်းထိန်းဖို့ခက်ပြီ
ငြိမ်အောင် တင်းထားလို့မရ မယုံနိုင်ဘူး မင်းနဲ့တွေ့စဉ် 🎶

🎶 ဒါအချစ်လို့ခေါ်မလား ကိုယ်မသိလိုက်မိ ရင်ခွင်ထဲတိုး
နောက်ဆုံးတော့ မင်းနဲ့မှ ချစ်တတ်ပြီပေါ့ 🎶

🎶 အောက်မေ့လို့မဝသေးဘူး ကိုယ်တစ်ယောက်တည်း နောက်ကွယ်မှာ
တစ်ဖက်သတ်မို့ ကြိတ်ပြီးရူး ဒါတွေ မင်းလေး မသိနိုင် 🎶

🎶 ရာဇဝင်မှာတွင်ကျန်မယ့် ကြေကွဲခြင်းမျိုး
တစ်ချိန်ချိန်မှာ မလိုချင်ဘူး မုန်းတဲ့စကား 🎶

ဦးသာဖွင့်ပါများလို့ ချမ်းတောင် ဒီသီချင်းကို အလွတ်ရနေပြီ ။ နားယဉ်လို့သာ အလွတ်ရနေတာ စာသားအဓိပ္ပါယ်တွေကို တစ်ခါမှ သေသေချာချာ မစဉ်းစားမိခဲ့ ။ ခုတော့ ဦးသာအကြိုက်တွေကို ထပ်တူလိုက်နိုင်ဖို့ ဒီတစ်ကြိမ်မှာတော့ သီချင်းစာသားတွေကိုပါ စိတ်နှစ်ပြီး နားထောင်ကြည့်မိသည် ။

နားထောင်နေရင်းက ဦးသာကို ကြည့်တော့ ဦးသာက ဒီသီချင်းတစ်ခုကလွဲပြီး ဘာကိုမှအာရုံမရှိတော့သလို ကားမှန်ပြတင်းအပြင်ဘက်ကို ငေးနေလျက်သား ။

ဦးသာက တစ်စုံတစ်ယောက်ကို ခံစားပြီးများ ဒီသီချင်းနဲ့ Feel နေတာလား ။ ကြားနေရတဲ့ သီချင်းစာသားတွေအပေါ် စိတ်က စနိုးစနောင့်ဖြစ်လာကာ

" ဦးသာ ဒီသီချင်းကြီး ပြောင်းလိုက်တော့ဗျာ "

ဦးသာအကြိုက်ကို လိုက်ခံစားပါမယ်ဆိုတဲ့ စိတ်တွေဟာလည်း အကုန်လုံး ကြက်ပျောက်ငှက်ပျောက် ။

" ဟင်...မင်းကြိုက်တဲ့ သီချင်းပြောင်းပေးရမှာလား "

" မဟုတ်ဘူး ၊ ဒီသီချင်းကိုပဲ ကျော်လိုက်ရင် ရပြီ "

" ဒီလောက်ကောင်းတဲ့သီချင်းကို မင်းမို့မကြိုက်တယ် "

အဆိုတော် ဇော်ပိုင်ကိုတော့ အားနာပါရဲ့ ။ တကယ်တော့ သီချင်းကို မကြိုက်တာ မဟုတ်ဘဲ ဦးသာ ဒီသီချင်းအပေါ် Feel နေတာကိုပဲ မကြိုက်တာပါ ။

အသကျဆကျ သှေး ( အသက်ဆက် သွေး )Completed Where stories live. Discover now