အပိုင်း ၁၀

Start from the beginning
                                    

    "နှစ်မျိုးလုံးတော့ မရဘူးမာမီ၊ ခုစာသင်မယ့် လူကို ရွေးရင် ကျူရှင်ကို လွှတ်လိုက်၊ နွေရာသီကြီးမှာ နေ့ရော ညပါ မလောင်နိုင်ဘူး"

    "မင်းစာရဖို့အတွက်ကို ဘာလို့မာမီ့ကို ရွေးချယ်ခိုင်းနေရတာလဲ မဟော်"

    "ကျွန်တော် စာရတာ မရတာကို မာမီပူစရာမလိုပါဘူး၊ မာမီလိုချင်တာက အချိန်တန်ရင် ကျွန်တော် စာမေးပွဲအောင်ဖို့ပဲမလား"

    အသံတိတ်သွားသည်ကို ထောက်ခြင်းဖြင့် မာမီသည် သူမ ကြည့်နေကျ အကြည့်အတိုင်း စိတ်ပျက်စွာ သူ့ကို ကြည့်နေမည်ဆိုတာကို မျက်လုံးတို့က ဖုန်းတွင် ရှိနေသော်လည်း အလိုလိုသိနေသည်။

    "အိုခေလေ၊ ဒါဆိုလည်း မဟော် အဆင်ပြေမယ့် လမ်းကို မဟော်ပဲ ရွေးတော့၊ မာမီသွားပြီ"

    မာမီသည် သူ့အား ပြောပြီးသည်နှင့် ဆေးရုံသို့ ထွက်သွားတော့သည်။

    သူကတော့ ထိုနေရာတွင် ထိုင်၍ ဂိမ်းကို သဲကြီးမဲကြီး ဆော့နေဆဲ။

    °°°°°°°

    ညနေ နေဝင်ရီတရောအချိန်တွင် ရေမိုးချိုး ညစာစားသောက်ပြီး၍ မေမေပြောထားသည့် ဟိုဘက်အိမ်မှာ ရောက်နေသည့် အန်တီမျိုး သားအား စာပြပေးရန် လင်းသန့်မောင်တစ်ယောက် ထွက်လာလိုက်သည်။

    အစက ကျူးနဲ့ကိစ္စကြောင့် ငြင်းဆိုရန်လုပ်ပေမဲ့ ထိုအိမ်တွင် ယခု ကျူး ရှိမနေတာက တစ်ကြောင်း၊ အန်တီမျိုးသည် တစ်ချိန်တွင် လင်းသန့်ကို ပြန်၍ အကူအညီပေးနိုင်မည့်သူ ဖြစ်နေတာက တစ်ကြောင်း စသောအကြောင်းကြောင်းတွေကြောင့် သူလက်ခံဖြစ်သွားသည်။

    ဘေးအိမ်သို့ ရောက်သည့်အခါ ခြံတံခါးကို အသာဟထားသည်ကို တွေ့ရသောကြောင့် သူ့ဟာသူ တွန်းဖွင့်၍ ဝင်ခဲ့သည်။ ခြံထဲတွင် ဦးဘမောင်က သူ့အား ကျောခိုင်းကာ အပင်တွေကို ရေလောင်းနေတာကြောင့် နှုတ်မဆက်ဖြစ်တော့ဘဲ အိမ်ထဲကိုသာ တန်းဝင်ခဲ့တော့သည်။

    အိမ်ထဲသို့ ဝင်ပြီးပြီးချင်း လူအရိပ်အယောင် မတွေ့ရသောကြောင့် ဧည့်ခန်းထဲတွင် ဝင်မထိုင်သေးဘဲ အပေါက်ဝတွင် ခဏ မတ်တပ်ရပ်နေလိုက်သည်။

ရင်ကွဲငှက်ငယ်Where stories live. Discover now