Part -19 (Uni & Zawgyi)

Bắt đầu từ đầu
                                    

'မသွားလို့မရဘူးလေ...လမင်းလေး ကြောက်နေရှာမှာ...သားလေးလဲငိုနေလိမ့်မယ်...'

"ဒေါက်တာ စိတ်ထိန်းပါ...အထဲက မီးစာက အရမ်းကြီးနေပါတယ်...လူနာတွေကို ကျွန်တော်တို့လူတွေရအောင် ထုတ်လာပေးပါ့မယ်..."

"ကိုရန်...."

အနားသို့အပြေးရောက်လာသည့် ယောက္ခမဖြစ်သူမှာလည်း ဝတ်စားထားသော ခွဲစိတ်ခန်းဝတ်စုံပင်မလဲရသေးချေ။

"Daddy...Daddy...လုပ်ပါဦး လမင်းနဲ့သားလေး...သူတို့...သူတို့လေးတွေအထဲမှာ..."

တုန်ရီနေသော ကိုယ်နှင့်အသံတို့အဖျားခပ်နေမှုအား ထိန်းထားရ၏။ ခိုက်ခိုက်တုန်လာသောဝမ်းနည်းမှုတို့က ရင်ထဲဝယ်တင်းကြပ်လျက်။ အသက်တမျှချစ်ရသူလေးနဲ့ မိမိတို့ရဲ့သွေးသားလေး။ မီးလျှံတွေကလည်း တဟုန်းဟုန်းတောက်လျက်။

"ကျွန်တော် ကျွန်တော်ရအောင် ကယ်ထားရတာလေ...ကျွန်တော်ရူးသွားရလိမ့်မယ်...မီးမြန်မြန်ငြိမ်းပေးကြပါ..."

ယောက္ခမ​ဖြစ်သူ၏ လက်အားဆွဲလျက် မီးငြိမ်းပေးရန် အော်ကာ၊ဟစ်ကာ ပြောနေမိသော ဆရာဝန်တစ်ယောက်၏ပုံစံမှာလည်း အရူးတစ်ယောက်သဖွယ်ဖြစ်နေ၏။ ဂုဏ်သိက္ခာများလည်း မမှုနိုင်၍ထင်
နောက်ဆုံးတွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး မြေပေါ်သို့ 
လဲကာကျသွားကာ မျက်ဝန်းများလည်း မှိတ်သွားလေတော့သည်အထိ သူတကယ်နာကျင်သွားခဲ့လေ၏။

....

မျက်ဝန်းများအနည်းငယ်ဖွင့်ကြည့်မိရာ မျက်နှာကျက်ဖြူဖြူနှင့်အတူ ပန်ကာတစ်ခုက ကပ်နေသည်။
လေအေးပေးစက်မှ လေထွက်သံတို့သည် တိတ်ဆိတ်နေသည့်ပတ်ဝန်းကျင်တွင် ထွက်ပေါ်နေ၏။ပန်ကာလည်သံ တဝီဝီနှင့် ခေါင်းတစ်ခုလုံးမှာလည်း
ထိုးကာကိုက်နေလေသည်။ နားထင်အားလက်ဖြင့် ဖိလိုက်ချိန်တွင် အမြင်အာရုံဝေဝါးဆဲပင်။

အနားသို့ရောက်လာသည့် တစ်စုံတစ်ယောက်ကိုမြင်နေရသည်။ ဆံပင်အရှည်လေးအား ကျောလည်အတိကောက်ထားကာ ဆံမိတ်လေးများက နဖူးရှေ့တွင်ချထားပုံက ကျွန်တော့်လမင်းလေးပဲ။

"လမင်း.....ကလေး...."

"ကိုကြီး သတိရလာပြီလား......."

ပြိုမယ်မိုးလေး မသည်းစေလို.....Nơi câu chuyện tồn tại. Hãy khám phá bây giờ