22. အမည်မဲ့မိစ္ဆာနှိမ်နင်းရေးအဖွဲ့ / အမည်မဲ့မိစ်ဆာနှိမ်နင်းရေးအဖွဲ့

Start from the beginning
                                    

မြင်ကွင်းရှေ့မှကြောင်သည် ကြက်ခြေခတ်လမ်းကြားတစ်ခုရောက်သော် တစ်လမ်းစီမှ ကြောင်တစ်ကောင်စီထွက်လာကာ ကြက်ခြေခတ် ဖြတ်ပြေးလေသည်။

"အများကြီးလား?"

နီကျားလည်း သူနှင့်မျက်နှာခြင်းဆိုင်မှပြေးလာသော ကြောင်အား အမိအရဖမ်းလိုက်သည်။

" ဂျား...
မိပီကွ"

ဖမ်းမိသောကြောင်အား ချုပ်၍ရှုံ့အိတ်ထဲပစ်ထည့်လိုက်သည်။ သည်လိုဖြင့်တစ်ညလုံးအမဲလိုက်ပြီးသည်နှင့် တပ်ဆုတ်ကာ သူတို့အားဖိတ်ခေါ်ထားသည့် အိမ်တော်သို့ ပြန်လာကြသည်။

အိမ်သို့ပြန်ရောက်သည့်အချိန်သည် မြို့တွင်းမှအချို့သောလူများပင် အိပ်ယာထကုန်ကြပီဖြစ်သည်။

"ဘယ်နှကောင်လဲ?"
ထိုက်ရိမေးလိုက်သည်။

"အကောင် တစ်ရာ"
လီအိုက်ကျန်းပြန်ဖြေလိုက်သည်။

"နှစ်ဆယ်ကိုးကောင်"
နီကျားဖြေသော် ထိုက်ရိမျက်နှာတစ်ချက်ရှုံ့သွားရသည်။

"ငါက လေးဆယ့်ရှစ်ကောင် "
ထိုက်ရိဖြေသံကြားသည်နှင့် လီအိုက်ကျန်းတစ်ချက်ပြုံးမိသွားသည်။

"ဟက်"

"မင်းကဘာရီတာလဲ?
မင်းကအရေအတွက်များတယ်ဆိုပီး လှောင်တာလား?
ငါတို့လိုပြေးပီးဖမ်းကြည့်စမ်းပါ"

ထိုက်ရိရှုးရှုးရှဲရှဲဒေါသထွက်ကာပြောလိုက်ပီးနောက် နီကျားဘက်လှည့်ကာပြောလိုက်သည်။

"အကုန်ထုတ်လိုက် သူတို့ကိုစစ်ဆေးကြည့်ရအောင်"
ထိုက်ရိပြောပီးသည်နှင့် နီကျားတို့နှစ်ယောက် သူတို့၏ရှုံ့အိတ်တွေအတွင်းမှ ကြောင်များဆွဲထုတ်လိုက်ကြသည်။

"ဟင်!"

"ဘာလဲ ဒီကောင်တွေဆီမှာ မိစ္ဆာအငွေ့အသက်က မျှင်မျှင်လေးပဲကျန်တော့တယ်
ဒါတွေက တစ်ကယ့်ကြောင်အစစ်လေးတွေပဲ"

ထိုက်ရိအံ့ဩထိတ်လန့်စွာပြောလိုက်မှ နီကျားကြည့်လိုက်သည်။
နီကျားညကတွေ့စဥ်က ထိုကြောင်တွေမှ မိစ္ဆာအငွေ့အသက်တို့လှိုင်လှိုင်ထွက်နေလေသည်။ ဒါကဘယ်လိုဖြစ်တာလဲ?

Secondlife Of Nezha&Aobing (fanfiction) [Complete]Where stories live. Discover now