32x(Zawgyi&Unicode)

Start from the beginning
                                    

ရိပ်ကိုပြောတုန်းကလည်း သစ်တော်တော်ချော့လိုက်ရပါသေးသည်

ကိုယ်တော်ချောက သူတို့အိမ်မှာသစ်ကမနေချင်လို့ အကြောင်းရှာထွက်တယ်လို့ ထင်နေသည်လေ

သစ် အိမ်ပြန်ရမယ့်နေ့ရောက်တော့ သတိုးက အလုပ်စောစောထွက်သွားတာမို့ မတွေ့လိုက်
ရိပ်ကတော့ လိုက်ပို့ပေးရမယ့်သူဆိုတော့ အချိန်ပြည့်ဘေးနားကနေ ရှိပေးသည်

လမ်းကြပ်ကြပ်မှာ နှစ်ယောက်သားစကားမပြောပဲတိတ်ဆိတ်နေမိသည် ဘာလို့ လမ်းခွဲထားသလို feelingကြီးရနေရတာလဲ??

"ဦးရိပ် သစ်က ၁လပဲသွားနေမှာပါ အဲ့လိုကြီးဖြစ်‌မနေပါနဲ့လေ နော်"

ရိပ်မှာတော့ သစ်ပြောတာ မကြား အခုထဲက လွမ်းသလိုလို ဆွေးနေသလိုလို နဲ့ ငေးမှိုင်နေတာ မီးစိမ်းတာကိုတောင် ချက်ချင်းမမြင် သစ်သတိပေးမှ နောက်ကားတွေမဆဲချင်အမြန်ထွက်ရသည်

သစ်ကို အိမ်ပြန်ပို့ခဲ့ပြီး အပြန်လမ်းတစ်လျှောက်လည်း ရုတ်တရပ်ကြီး ခွဲလိုက်ရတော့ စိတ်ထဲ အရမ်းလွမ်းနေသလိုလို

သစ်မှာလည်း ပြန်သာလွှတ်လိုက်ရတယ် ငိုမဲ့မဲ့နဲ့

ဖေဖေသာ စည်းကမ်းမကြီးဘူး တွေ့ရာနဲ့ကောက်မပစ်တတ်ဘူးဆိုရင် *ဒါ သစ်ရဲ့daddyနှစ်ယောက်*ဆိုပြီး အိမ်ပေါ်ခေါ်တင်လာပစ်လိုက်မှာ

ဘယ်တတ်နိုင်ဦးမလဲ  ၁လလောက်တော့ ခွဲရပေဦးမယ်ပေါ့

"မေကြီးရေ သစ်လာတယ်!!!"

မေမေကတော့ အိမ်ပေါ်စရောက်ထဲက သူ့သားလေးပိန်သွားလိုက်တာလို့ပဲ တစာစာပြောနေတော့တာပဲ

ပိန်မှာပေါ့ အိပ်မက်ဆိုးကြောင့် အိပ်မရတာကတစ်မျိုး
ဟိုညီအကိုနှစ်ယောက်ကြောင့် အိပ်မရတာကတမျိုး

ဟော တွေးရင်းနဲ့သတိရလာပြန်ပြီ

အခုမှ ၂နာရီတောင်မပြည့်သေးတာကို လူက ထွက်ပြေးချင်နေပြီ

အဲ့စာမေးပွဲရှုပ်လို့ဖြစ်တာ မြန်မြန်ဖြေရစမ်းကွာ

Oh !Where stories live. Discover now