အပိုင်း ၉

Start from the beginning
                                    

    "မသိမ့်နဲ့ ပြန်တွေ့ရတာ မျိုးတော့ သိပ်ဝမ်းသာတာပဲ၊ မသိမ့်ရော သားလေးတစ်ယောက်တည်းပဲလား"

    "နှစ်ယောက် မျိုးရဲ့၊ သမီးငယ်လေး ရှိသေးတယ်၊ ဪ… ပြောရဦးမယ်၊ သားက မျိုးလိုပဲ ဆရာဝန်ဖြစ်မှာလေ၊ ဒီနှစ် ဆေးနောက်ဆုံးနှစ်၊ မသိမ့်သားကို မျိုးကပဲ ကူညီဖေးမပေးပါဦး"

    "ဟုတ်လား မသိမ့်သားက တကယ်တော်တာပဲ၊ သမီးကရော ဘယ်အရွယ်ရောက်နေပြီလဲ"

    "သမီးက ဆယ့်ခုနှစ်နှစ်ထဲ ဝင်နေပြီ၊ မနှစ်က ဆယ်တန်းအောင်တယ်လေ၊ ဂုဏ်ထူးတစ်ဘာသာနဲ့"

    ဂုဏ်ထူးနဲ့ ဆယ်တန်းအောင်သည် ဟူသော အသံကို ကြားလိုက်ရသောအခါ ဒေါ်ခင်မျိုးမြတ် မျက်ဝန်းတို့ ဝင်းလက်သွားသည်။

    "ဘယ်ကျူရှင်မှာ ထားတာလဲ မသိမ့်၊ ဂိုက်ရော ငှါးသေးလား၊ မျိုးသားက ခုထိ ဆယ်တန်းမအောင်သေးဘူး မသိမ့်ရယ်၊ ကျူရှင်တွေရော ဘော်ဒါတွေရော ဂိုက်တွေရော စုံနေပြီ၊ သုံးနှစ်တောင်ရှိပြီ… ခုထိ မအောင်သေးလို့ မျိုးဖြင့် စိတ်ဓာတ်တောင် ကျချင်နေပြီ"

    "မသိမ့် သမီးလေးက ကျန်းမာရေးမကောင်းလို့ ကျောင်းတောင် မတက်နိုင်ရှာဘူး၊ ကျူရှင်ဆိုတာ ဝေးရောပေါ့ မျိုးရယ်၊ သူ့အစ်ကိုက ခူးခူးလေးကို စာပြပေးတာ၊ အပြင်ဖြေ ဖြေရင်း မထင်မှတ်ဘဲ အောင်သွားတာ၊ ဘာဂိုက်မှလည်း မငှါးခဲ့ရဘူး"

    ကျူရှင်လုံးဝမတက်ဘဲ ဆယ်တန်းအောင်ခဲ့သည်တဲ့လား။ ဒေါ်ခင်မျိုးမြတ် အရမ်းစိတ်ဝင်စားသွားသည်။ မသိမ့်သားက တကယ့်ကို တော်တဲ့ လူတော်တစ်ယောက် ဖြစ်ရမည်။

    "အားကျလိုက်တာ မသိမ့်ရယ်၊ အခုမှ ပြန်တွေ့တွေ့ချင်း ဖြစ်ပေမဲ့ မသိမ့်ကို မျိုး အကူအညီတစ်ခုတောင်းချင်တယ်"

    "ပြောလေ မျိုး"

    မသိမ့်သည် တစ်ဖက်သားအပေါ် သိပ်အားနာတတ်ပြီး စိတ်ကောင်းရှိတဲ့သူမှန်း သိသိနဲ့ သူမ အခွင့်အရေးယူပြီး အကူအညီတောင်းလိုက်သည်။

    "မသိမ့်သား မျိုးသားလေးကို စာပြပေးဖို့ အကူအညီတောင်းချင်တာပါ၊ ဘာပဲပြောပြော မျိုး သားကို ဒီနှစ် ထပ်ပြီးဖြေစေချင်သေးတယ်၊ ဟို မသိမ့်သား အားမှပါ၊ သူအားတဲ့ အချိန်လေးတွေကို ဖဲ့ပြီး စာပြပေးစေချင်တာပါ၊ အားနာပေမဲ့ ပြောပေးပါ့လား မသိမ့်ရယ်၊ မျိုးက ထိုက်ထိုက်တန်တန် ပြန်ပြီး ကျေးဇူးဆပ်မှာပါ"

ရင်ကွဲငှက်ငယ်Where stories live. Discover now