ဝမ်​ရိ​ပေါ်ဆိုသည်​မှာလည်း
မိန်းမ ၂ ​ယောက်​လုံးနှင့်​ ဘာမှမထူးခြားခဲ့ဘဲ
ဒီ​ကောင်​​လေးနဲ့ကျမှပဲ ဘာ​တွေအစွမ်းပြသွားလဲမသိ။

အမျိုး​တွေက ​မေးကြည့်​တယ်​။

" ဘယ်​လိုများလုပ်​လိုက်​တာလဲ ရိ​ပေါ်ရယ်​ "

ရိ​ပေါ်ကလည်း ပြန်​​ဖြေပါတယ်​။

" မသိဘူး ဒီလိုပဲလုပ်​တာပဲ​လေ "

အစက ရှိတယ်​​တောင်​မသတ်​မှတ်​ဘဲ
ပစ်​ပယ်​ထားတဲ့ ​ကောင်​​လေးက
တစ်​မျိုးလုံးတစ်​​ဆွေလုံး လိုချင်​လွန်းလှတဲ့
ဝမ်​မျိုးနွယ်​ရဲ့ မျိုးဆက်​​လေးကို လွယ်​ထား​​တယ်​ဆို
တော့မှပဲ ဝိုင်းအုံဂရုစိုက်​​နေကြပြန်​သည်​။

နေ့တိုင်းပို့​နေတဲ့ အစားအ​သောက်​​တွေက ပိုလျှံလို့
အိမ်​ဝန်​ထမ်း​တွေရဲ့အမျိုး​တွေထိပါ ​ပေးပစ်​ရသည်​။
က​လေးပစ္စည်း​တွေဆိုတာလည်း ပုံထပ်​​နေသည်​။
တစ်​ခါတစ်​​လေကျ  အား​ဆေး​တွေလာပို့ပြီး
ပြော​သေးသည်​။

" ဖြစ်​နိုင်​ရင်​ ​နောက်​ထပ်​ ၅ ​ယောက်​​လောက်
မွေး​ပေးပါလားဟယ်​ "

ဒါမျိုး​ပြောတဲ့အခါ
ရှောင်းကျန့်​ ​သတိ​တောင်​လစ်​ချင်​သည်​။
ဝမ်​ရိ​ပေါ်က​တော့
သူ့ဘက်​က​တော့ဖြစ်​နိုင်​ပါတယ်​ ဆိုတဲ့ရုပ်​ကြီးနဲ့ ။

----- ----- ----- ----- ----- ----- ----- ----- ----- ----- -----

" ကျွန်​​တော်​အရင်​က နားမလည်​ခဲ့လို့
ပြောမှားဆိုမှားရှိခဲ့တာ​​တွေ​ အားလုံးအတွက်
တောင်းပန်​ပါတယ်​ "

အိမ်​ဝန်​ထမ်း​တွေအားလုံးကို ​ခေါ်​ပေးပါဆိုပြီး
လူစုံ​​တော့ ​ရှောင်းကျန့်​က အားလုံးကို​တောင်းပန်
တယ်​။

သူကသာ ​တောင်းပန်​​နေတာ။ အားလုံးက သူ့ကို
တစ်​စက်​က​လေးမှ ထိခိုက်​ပွန်းပဲ့မသွား​အောင်
ပြုစု​စောင့်​​ရှောက်​​ပေးဖို့ ဆုံးဖြတ်​ပြီးသား။

အရင်​က ဘယ်​လိုပဲ အဆင်​မ​ပြေပါ​စေ ခုချိန်​မှာ
သူတို့ သခင်​​လေးရဲ့ ရင်​​သွေး​လေးကို
လွယ်​ထား​ပေး​နေတယ်​ ဆိုတဲ့တစ်​ချက်​တည်းနဲ့
အားလုံးကို သင်​ပုန်း​ချေပြီးသား။

The Love from Windward (Completed)Where stories live. Discover now