Ending { Special Bonus }

Start from the beginning
                                    

"တီ တီ"

"မဆက်ပါနဲ့လို့ပြောထားတာကို။ အလုပ်ပြုတ်ချင်နေတာလား သူရိန်"

ကိုယ်ပိုင် ဟန်းဖုန်းပိတ်ထားသည့်တိုင် အိမ်ဖုန်းက ထမြည်လာသောကြောင့် သူရိန်ဦးအထင်နှင့် မုဏ်း တစ်ချက် ဟောက်လိုက်သည်။

"ဟဲလို Boss။ ကျွန်မ Finance Manager ပါ။ အရေးကြီးကိစ္စရှိလို့ပါ Boss။ နှောင့်ယှက်တာမဟုတ်ရပါဘူး"

"ဪ... ရတယ်။ ဒါပေမဲ့ ထပ်မဆက်နဲ့တော့။ ဒီနေ့ ကျွန်တော် နားတယ်"

"ဦးမုဏ်း"

"ဘေဘီ နိုးလာပြီလား"

ဖုန်းကို ကမန်းကတမ်းချရင်း ကောင်လေးဆီ ပြေးသွားသည်မှာ မုန့်ဝယ်ကာ ပြန်လာမည့် ဖခင်ကို ဆီးကြိုသည့် သားငယ်လေးသဖွယ်။

" ၁၂ တောင်ထိုးတော့မှာကို။ ကျွန်တော့်ကို မနှိုးဘူး"

"အိပ်ရေးပျက်မှာစိုးလို့ပါကွာ"

ကောင်လေးကို ခါးမှ သိုင်းဖက်ရင်း မိမိရင်ဘတ်နားတွင်သာရှိသော ပုခုံးသေးသေးပေါ်ခေါင်းမှီပစ်လိုက်သည်။

"ဦးမုဏ်း.. ဘာဖြစ်နေတာလဲ"

"နိုး... ကောင်လေး"

" ဘာလဲ"

" ငါ ဗိုက်ဆာလို့"

" ဟား ဟား ဦးမုဏ်းရာ"

တစ်သက်နှင့်တစ်ကိုယ် လူကြီးလူကောင်းဆန်ဆန်နေလာသမျှ သည်တစ်နေ့တော့ သူများတွေပြောသည့် ချွဲတာကြီးကို မုဏ်း ကောင်လေးနှင့် လုပ်ကြည့်မည်။

" ဗိုက်ဆာလို့ တစ်ခုခုကျွေးပါကွာ နော်"

"ဦးမုဏ်း... ခင်ဗျား ဘာဖြစ်နေတာလဲ။ ကြက်သီးတောင်ထတယ်။ ကောင်းကောင်းပြောလည်း ဒီစကားပဲ"

"ကောင်လေးကလည်းကွာ"

" ခင်ဗျားနော် ခင်ဗျား"

ဘာမှဆက်မပြောဘဲ မီးဖိုခန်းဘက်ထွက်သွားသည့် ကောင်လေးကို အနောက်မှ သိုင်းဖက်ရင်း ပခုံးပေါ် မေးစေ့တင်ကာ ကုန်းကုန်းကွကွ လိုက်လာတော့သည်။

" ပေါင်မုန့် ကြည်ဥကြော် ကြော်ပေးမယ်။ ခဏ စောင့်"

"ဟုတ်ကဲ့ပါ ကောင်လေး"

King Of BossWhere stories live. Discover now