T W O

7.7K 936 391
                                    

Unicode

Written by JeonYiMon

"Jung Kook ရေ Jung Kook........"

အသံနှင့်အတူ ခြံထဲကိုဆိုင်ကယ်အစုတ်ကြီးဖြင့် ဒရောသောပါးမောင်းဝင်လာသော Nam Joon ကြောင့် ဖုန်တွေကအူခနဲ ။ ကွပ်ပျစ် ပေါ်တွင်ထိုင်နေသော Jung Kook နဲ့ Yoongi မှာထပြေးချိန်ပင်မရလိုက် ။

" မင်းမေကြီးတော်ကြီးကို ဆိုင်ကယ်ကို လူလိုမမောင်းလာရတာလား "

နှာခေါင်းပိတ်ကာ ကျိန်ဆဲနေသော Yoongi ကိုမြင်တော့ Nam Joon မျက်နှာကစပ်ဖြဲဖြဲ ။

" မင်းရောက်နေတာကိုး ဘာလာလုပ်တာလဲ "

" အေးဖိုးဖိုးပေးခိုင်းလိုက်တဲ့ဆေးတွေကိုလာပေးတာ "

" မင်းကရောဘာလာလုပ်တာလဲ ငါ့နာမည်ကိုအော်ခေါ်ပြီး"

" ဟဲဟဲ ငါကအစကတယောက်တလှည့်စီလာကြွားဖို့လုပ်ထားတာ ။ အခုတော့ ၂ ယောက်တပြိုင်တည်းတွေ့တော့ တခါတည်းကြွားရတာပေါ့ "

လိုရင်းမရောက်ခင် လေတလုံးမိုးတလုံးနဲ့စကားချီနေသော Nam Joon ကိုကြည့်ကာ Jung Kook ရော Yoongi ပါ ဖင်ကိုပိတ်ကန်ပြစ်ချင်စိတ်တွေပေါက်လာ၏။ .

" ဒါက ဒီလိုကွ Hyung ငါ့ကို ph ဆက်တယ် "

" အော်ဟော ဘာများလဲလို့ သတင်းထူး ကြီးကိုး "

Jung Kook ကခပ်ရွဲ့ရွဲ့ဆိုတော့ Nam Joon ကဒီလိုခံစားချက်လေးကိုမင်းတို့လို FA ကောင်တွေနားမလည်ပါဘူးဆိုသောအပြုံးနဲ့ပြုံးသည် ။

" ထူးတယ်ကွ ထူးတယ် ဟင်းဟင်း ။ ဒီနေ့က Hyung နဲ့ငါရဲ့ anniversary လေ ။ဒီလောက်အလုပ်တွေများတဲ့ Hyung ကတချက်သတိမမေ့ဘဲ ငါ့ကိုအစောကြီး ph ဆက်တာ ။ ငါတောင်မနိုးသေးဘူး ဟိဟိ "

" ဟင် anniversary ပြောရအောင်မင်းနဲ့ Jin Hyung တွဲတာဘယ်လောက်ရှိသေးလို့လည်း anniversary ဆိုတာ နှစ်ပတ်လည်လေ မင်းတို့ဟာကခုမှလပိုင်းရယ်ရှိသေးတာကို "

Jung Kook ကအမြင်ကပ်စွာပြောတော့ Yoongi ကပါဟုတ်သည်ဟူသော သဘောဖြင့်ခေါင်းညိမ့်ကာထောက်ခံ၏။

The Village That Starts Our Love [Season 2] (Completed)Where stories live. Discover now