----- ----- ----- ----- ----- ----- ----- ----- ----- ----- -----

စက်​ရုံတစ်​ခုမှာ အ​ရေးတကြီး ပြဿ     နာတက်​​နေ၍
အတွင်း​ရေးမှုးလာ​ခေါ်တာနဲ့
ဝမ်​ရိ​ပေါ်ခမျာ အဝတ်​အစား​တောင်​မလဲဘဲ
ကား​ပေါ်ချက်​ချင်းတက်​လိုက်​သွားခဲ့ရတာ။

ပြဿ     နာရှင်းပြီးသွားလို့ ဖုန်းကိုကြည့်​မိ​တော့
အိမ်​က​ခေါ်ထားတဲ့ missed call များစွာ။
စိတ်​ပူစွာနဲ့ ဖုန်းပြန်​​ခေါ်​တော့...

" သခင်​​လေး မြန်​မြန်​ပြန်​လာပါ အစ်​ကို​လေးက 
ရေချိုးခန်းထဲမှာ တိတ်​တိတ်​​လေးငို​နေပြန်​ပြီ "

----- ----- ----- ----- ----- ----- ----- ----- ----- ----- -----

ဝမ်​ရိ​ပေါ် ပြန်​​ရောက်​လာချိန်​မှာ​တော့
ရှောင်းကျန့်​က ငိုမ​နေ​တော့ပါ။
မျက်​လုံးက​တော့ မို့​နေသည်​။

" ​ရှောင်းကျန့်​...မင်းငိုထားတာလား "

" မဟုတ်​ပါဘူး...အိပ်​တာများလို့​နေမှာ "

အိမ်​အကူ​လေးက တိုးတိုးကပ်​​ပြောတယ်​။

" အစ်​ကို ကျန်းချန် ပြန်​သွားပြီးပြီးချင်း ငိုတာ
ဟိုတစ်​ခါကလည်း..အစ်​ကို ကျန်းချန်​နဲ့စကား​ပြောပြီး
အခန်းထဲမှာ ငို​နေတာအကြာကြီးပဲ "

----- ----- ----- ----- ----- ----- ----- ----- ----- ----- -----

တစ်​ညလုံးနဲ့..​နောက်​တစ်​မနက်​လုံး
phone ဆက်​တာမကိုင်​တဲ့ ကျန်းချန်​က
နေ့လည်​ကျမှ ပြန်​ဆက်​သည်​။

" ငါ့ကို..မင်းပ​ထွေးမို့..ဒီ​လောက်​ဆက်​ထားတာလား
အစည်းအ​ဝေးလုပ်​​နေတယ်​ကွ..မင်း​မေကလွှားတဲ့မှ"

ထုံးစံအတိုင်း..အဆဲ​လေးနဲ့စသည်​။

" ဗိုက်​ထဲက.က​လေးကို..မဟုတ်​တာလုပ်​​နေမှာစိုးလို့
နည်းနည်း​ပြောလိုက်​တာ..အဲ့ဒါဘာဖြစ်​လဲ "

ကျန်းချန်​ရဲ့  ​ပြောပုံဆိုပုံကို သိပြီးသားမို့
စိတ်​​မောစွာသက်​ပြင်းချလိုက်​မိသည်​။

" မင်းကလည်းကွာ သူ့ခမျာစိတ်​အားငယ်​​နေတာကို
ဘာ​လို့​ပြောတာလဲ ဘာ​တွေ​ပြောလိုက်​တာလဲ "

The Love from Windward (Completed)Where stories live. Discover now