သူ့ပါးပါးဆီကနေငြိုငြင်ခံလိုက်ရတော့...
ကြိုးကလေးကမျက်နှာလေးခပ်မဲ့မဲ့နဲ့...
ကုတင်စောင်းမှာထိုင်နေခဲ့တဲ့ကျောက်စိမ်းဆီလာပြီးတော့..."ဖေဖေ...လက်မောင်းပေး"
ကြိုးကလေးကကျောက်စိမ်းရဲ့ညာဘက်လက်မောင်းကိုဆွဲပြီးသူ့ဘာသာအိပ်ချလိုက်တာ...
စွေ့ကနဲပဲ။
ထိုင်နေလျက်နဲ့ကျောက်စိမ်းဘုတ်ကနဲလဲတော့တယ်။
ဟိုဘက်ကနေဦးသျှောင်ကခေါင်းအုံးအသေးလေးနဲ့လှမ်းပေါက်ပြီးတော့...
သူ့ကိုကျောခိုင်းထားတဲ့ကြိုးကလေးရဲ့ခြေထောက်ကိုဆွဲတယ်...။"ကြိုး...ကိုယ့်ခေါင်းအုံးနဲ့ကိုယ်အိပ်လို့ရနေပြီ။
မင်းခန္ဓာကိုယ်ကဒီလောက်တောင်အလေးချိန်စီးနေတာ...
မရဘူး၊ ကျောက်စိမ်း...မင်းလက်မောင်းပြန်ရုပ်ကွာ။
မနက်ကျမင်းလက်မောင်းနာလိမ့်မယ်"ကြားရောက်နေတဲ့ကြိုးကလေးကရုန်းရင်းဆန်ခတ်ပဲခြေထောက်ကိုပြန်ရုန်းတာ၊
ကျောက်စိမ်းရဲ့လက်မောင်းကိုဖက်ထားတာလဲမလွတ်ဘူး။"ဟာ...ပါးပါး...မညစ်ပတ်နဲ့၊
ပါးပါးလက်မို့လား၊
ဖေဖေ့လက်လေ၊ ဖေဖေကျေနပ်လို့ပေးအိပ်တာလေ၊
အူပုပ်နေတယ်...
နော်...ဖေဖေအိပ်လို့ရတယ်မို့လား"ပြုံးပြုံးလေးနဲ့ကျောက်စိမ်းကိုမော့ကြည့်ပြီးလာပြောတာ၊
မျက်ဝန်းတွေကဦးသျှောင့်အတိုင်းပဲ၊
လင်းလင်းလက်လက်နဲ့...ကြယ်တွေလိုမျိုး။
ယုန်သွားလေးတွေကအခုမှပိုပီပြင်လာတာ...
ရယ်လိုက်တိုင်းဦးသျှောင့်မျက်နှာလေးပါ။"မင်း...သူနဲ့လေး၊ ငါးညလောက်အိပ်လိုက်တာနဲ့...
လေသံတွေပြောင်းသွားတာ၊
ဟား....ငါ့ကိုဖက်ကိုက်ဖို့အဖော်ရသွားတာလား...
ဟမ်...ကြိုးကလေး၊
လာစမ်း...ဒီလာခဲ့""မလာဘူးနော်၊ ပါးပါးကအရမ်းဖက်တာ၊
ကျပ်တယ်""မင်းပဲခုနကလက်မောင်းပေါ်အိပ်မှာဆို"
"ဖေဖေ့လက်ရပြီလေ"
"ဟာ...မင်း...နော်၊
မနက်ဖြန်ကျရင်သကြားလုံးမပေးတော့ဘူး""ရတယ်၊ ဖေဖေ့ဆီမှာရှိတယ်"
"အေး...လုံးဝလာမတောင်းနဲ့နော်"
![](https://img.wattpad.com/cover/222260177-288-k755484.jpg)
आप पढ़ रहे हैं