အပိုင်(၁၀=ဇာတ်သိမ်းပိုင်း)Unicode + Zawgyi

5.8K 141 6
                                    

မင်းကိုအရာအားလုံးထက်ပို၍

အပိုင်း(၁၀=ဇာတ်သိမ်းပိုင်း)

ထိုနေ့တနေ့သည် အရာအားလုံး အဆုံးသတ်သွားလိမ့်မည်ဟု ဘယ်သူမှကြိုမသိကြချေ ကံကြမ္မာဟာလည်း အလွန်ပင်ဆန်းကျယ် လှပါသည် လွန်းတယောက်လည်း ပျာယာခက်နေသည် မနေ့က သူ၏ခင်ပွန်နှင့်တပည့်ပြောသံကို ကြား၍ လွန်းအလွန်ပင် စိုးရိမ်လေသည် သူ၏ခင်ပွန်းသည် တတွတ်တရွတ်ဆန်သည် လိုချင်တာကိုရအောင်ယူတတ်သည် ဖြစ်ချင်တာကိုရအောင်လုပ် သည်ထို့ကြောင့်ပင်လွန်းစိုးရိမ်ရခြင်းဖြစ်သည် လွန်သည် ဏ္ဌ၏မေမေအိမ်သို့ အလောတကြီးရောက်လာလေသည်
"မေမေ...မေမေ..."လွန်းတယောက်ကပြာကယာဖြင့် အိမ်ပေါ်သို့ ပြေးတက်လာသည်
"ဘာဖြစ်လာတာလဲသမီးရယ် ..အမေဖြင့်လန့်လိုက်တာ..."
"မောင်လေးကောမေမေ...မောလေးဘယ်မှာလဲဟင်...."
လွန်းတယောက်ပို၍စိုးရိမ်လာသည်
"မင်းမောင်လေး မနက်ကသူ့သူဌေးလာခေါ်လို့လိုက်သွားပြီးလေးသမီးရဲ့"
"ဒုက္ခတော့ရောက်ကုန်ပါပြီးမေမေရယ်....."
"ဟဲ့ ဘာဖြစ်တာလဲ အမေဖြင့်စိတ်ပူလာပြီး......"
"ဘာမှမဖြင့်ပါဘူး နောက်မှသမီးပြောပြမယ်...."
လွန်းတယောက်ပြောပြီးထွက် အလျင်အမြန်ထွက်သွားလေသည်
"ဟလိုဖေဖေ ခုဘယ်မှာလဲ...."
လွန်သည်သူ၏ယောက္ခထီးကို ဖုန်းဆက်လေသည်
"ဖေဖေအခု လေဆိပ်ရောက်နေပြီး သမီးရဲ့ ဖေဖေမြန်လာခဲ့မယ်..."
လွန်းသည်အကြောင်းစုံကို ဖေဖေအားပြောပြထားသည်မို့ နိုင်ငံခြားမှ အမြန်ပြန်လာလေသည်.....

ဟိန်းသည် မင်းခကို ခြံသို့ခေါ်သွားလေသည် ခြံသို့ရောက်သောအခါ
သစ်ပင်ကြီးတပင်အောက်သို့ နှစ်ယောက်သား ရှုခင်းကိုကြည့်ပြီး
ဟိန်းကစကား အရင်စလိုက် လေသည်
"မင်းခ....."
"ပြောလေ...."
"ကျနော်မွေးနေ့လက်ဆောင်တောင်းလို့ရမှာလား.."
"ဘာလိုချင်လို့လဲ..."
"ကျနော်တည့်ပဲပြောမယ်နော်....မင်းခကိုကျနော်ချစ်တယ်....မင်းခရဲ့နှလုံးသားကို ကျနော့်ကိုမွေးနေ့လက်ဆောင်အဖြစ်ပေးပါဗျာ"
မင်းခတယောက်ကြားကြားခြင်းမျက်လုံးပြူးသွားလေသည်
"မဖြစ်ဘူး...."
"ဘာလို့မဖြစ်နိုင်ရမှာလဲ....မင်က အမေကိုကြောက်လို့လာ ပတ်ဝန်းကျင်ကိုကြောက်လို့လာ....ဒါမှမဟုတ် ငါကယောက်ကျားလေးဖြစ်နေလို့လာ..."
မင်ခတယောက်ငိုလေသည် ဟိန်းသည်လည်း အံ့သြသွားလေသည်
"ကိုမင်းကိုချစ်တယ်လို့ပြောတာ မင်းငိုတာလား..."
"မဟုတ်ဘူး ကိုဟိန်း မဟုတ်ဘူး....ကိုဟိန်းမသိသေးတဲ့အရာတွေအများကြီးကြီးရှိတယ်"
"ဘာအရာတွေလည်း ကိုမသိချင်ဘူး ကိုမင်းကိုချစ်တာပဲသိတယ်"ဟိန်းသည်ပြေားပြီး မင်းခကို နမ်းလိုက်လေသည်(နှုတ်ခမ်ချင်းနမ်းတာကိုပြောတာနော် ပါးမဟုတ်ဘူး😁)မင်းခတယောက် ငြိမ်သက်စွာငြိမ်နေလေသည်
ဟိန်းသည်အံ့သြသွားလေသည် ဘာကြောင့်လဲဆိုတော့ မင်းခ ဘာမှမတုန့်ပြန်လို့ အံ့သြရခြင်းဖြစ်သည် ဟိန်းသည်လည်းနမ်းရာမှ ခနခွာပြီး
"ကိုတောင်းပန်ပါတယ် မင်းခရယ် ကိုစိတ်မထိန်းနိုင်တော့လို့ပါ..."
"ကိုဟိန်း ကျနော်ပြောမယ်နော် သေချာနားထောင်...
ခင်ဗျားလွန်းလွန်းလွင်ကိုသိလာ..."
ဟိန်းတယောက်မကြားချင်သောနာမည်ပင်ဖြစ်သည်
"ခင်ဗျားနဲ့အဲ့မကောင်းဆိုးဝါးမနဲ့ဘယ်လိုသိတာလဲ..."ဟိန်းတယောက် လက်နှစ်က မင်းခပခုံးနှစ်ဖက်ကိုလုပ်ပြီးအော်မေးလေသည်
"သူကငါ့ရဲ့အမ....."ဟိန်းတယောက် အံ့သြသွားလေသည် မယုံနိုင်လောက်အောင်ပင်ဖြစ်သည်
"မဖြစ်နိုင်ဘူး....မဖြစ်နိုင်ဘူး..."ဟိန်းတယောက် ငိုယိုပြီးအော်ပြောလေသည်
"ဒုတ်....ဒုတ်...."ဟိန်းနှင့်မင်းခကို လူဆိုးနှစ်ယောက်က တုတ်နှင်ရိုက်သောအသံဖြစ်သည် သူတို့နှစ် စကားပြောပြီး ပတ်ဝန်းကျင်ကိုသတိမထားမိတော့လူဆိုဘယ်ချိန်ရောက်လေသည်ကိုပင်မသိချေ
"ကဲ...ဒီနှစ်ကောင်ကို.....ကားပေါ်တင်လိုက် ..ပြီးရင်ချောက်ကမ်းပါးဆီကိုသွားမယ်" ရှင်းသန့်စိုးသည်သူတပည့်ကိုအမိန်ပေးပြီးသုံးယောက်သားကားပေါ်သို့တက်ပြီးချောက်ကမ်းပါရှိသောနေရာသို့ သုံးယောက်သား ဦးတည်ပြီးသွားလေသည်.........#######

You've reached the end of published parts.

⏰ Last updated: May 02, 2020 ⏰

Add this story to your Library to get notified about new parts!

မင်းကိုအရာအားလုံးထက်ပို၍(စ/ဆုံး) Unicode + ZawgyiWhere stories live. Discover now