"...ဆရာလေး...ဝင်ရအောင်လေ..."

"...အွန်း...ကို ဖိုးခွား ဝင်နှင့်လိုက်လေ...ကျွန်တော် ခဏနေ ဝင်ခဲ့မယ်..."

"...ဟုတ်ကဲ့..."

ဖိုးခွား အိမ်ထဲ ဝင်နှင့်တော့မှ....

အလင်းရောင် အိမ်အပြင်ဘက် ကို မျက်နှာ မူရင်း...သက်ပြင်း လေး ချ နေလိုက်သည်....။

"...ဒီမှာ..ကြယ်စင် ပါးစပ် ပျက်နေတော့ အချ ဉ် အစပ် တွေချည်း ဝယ်လာလိုက်တာ...နေမကောင်း ဖြစ်ပြီးရင် ဒီလို အချ ဉ်အစပ် စားလိုက်ရင် လူကို ပြန်ပြီး လန်းစေသလိုပဲ.."

"...အော်...ရပါတယ် အများကြီး ဝယ်လာတာပဲ...မိုးသောက် ရယ်...အားနာ စရာ တွေ ဖြစ်ကုန်ပါပြီ...နောက် ဒါတွေ ဝယ်မလာလည်း ဖြစ်ပါတယ်..."

"...မဟုတ်တာဗျာ...ဝယ်ရတာ ကျွန်တော့် အတွက် အပန်းမကြီးပါဘူး..."

"...ကြယ်စင် အားနာလို့ပါ..."

"...အားနာ စရာ မလိုပါဘူးဗျာ...ကိုယ်တို့က အားနာရမယ့် သူ တွေမှ မဟုတ်တာ....ထားပါတော့ အားနာတာတွေ...ဒါတွေ ထည့်ရအောင် ပန်းကန် တွေ ကျွန်တော် ယူပေးမယ်လေ..."

"...ဟုတ်သားပဲ...နေပါ...မိုးသောက် ရယ် အန်တီ ပဲ သွားယူပေးပါ့မယ်..."

"...မဟုတ်တာ ကြယ်စင် ပဲ သွားယူပါ့မယ်...ရပါတယ်...အားလုံး အေးဆေး နေနေပါ..."

"...ကြယ်စင် နေပါ...ကျွန်တော် သွားယူလိုက်မယ်..."

"...နေပါ...ကို ဖိုးခွား ကလည်း...ထိုင်နေပါ...ကြယ်စင် ပဲ သွားယူပါ့မယ်..."

ကြယ်စင် မီးဖိုချောင် ထဲ ဝင်ကာ...ပန်းကန်တွေ ယူရန် မီးဖိုချောင် ဆီသို့....ဝင်သွားတော့....

"...ကျွန်တော် သွားသယ်ကူလိုက်မယ်..."

"...မဟုတ်တာ ဆရာ မိုးသောက် ကလည်း ... ကျွန်တော် က ဒီ အိမ်ရဲ့ အလုပ်သမား ပါ...ကျွန်တော် သွားယူပေးပါ့မယ်...ဆရာ က ဧည့်သည် ပဲ ဟာ...အေးဆေး ထိုင်နေပါဗျာ..."

"...ကိုဖိုးခွား ကလည်း...ကျွန်တော် က ဧည့်သည် မဟုတ်ပါဘူးဗျာ...အလုပ်သမား တွေ ဧည့်သည် တွေ မခွဲ နေပါနဲ့...ကျွန်တော် သွားသယ်ကူလိုက်မယ်..."

"...မဟုတ်တာ ဆရာ မိုးသောက် ကလည်း..."

နှစ်ယောက် သား ' သူ လိုက်သွားမယ် '
'ငါ လိုက်သွားမယ် ' လုနေကြသည်နှင့်...
အလင်းရောင် အမြင်ကတ်ကတ် ဖြင့်...သူရဲ့
ခြေလှမ်း တွေက မီးဖိုချောင် ခန်း ဆီသို့~~~~

ပိုင်ဆိုင်ခွင့်လေး (Unicode)Where stories live. Discover now