Part (18)

5.2K 177 0
                                    

ပိုင်ဆိုင်ခွင့်လေး

#ပန်းခြယ်ရီ

Part ( 18 )

ကြယ်စင် နှင့် ဒေါ်ခင်ထား ဧည့်ခန်း မှာ စကားစမြည် ပြောနေကြချိန်~~~

ကျွီ.....

"...သားတို့ ပြန်ရောက်လာပြီ ထင်တယ်...သမီးရေ..."

"...ဟုတ်မယ်...မေမေ..."

ကြယ်စင် နှင့် ဒေါ်ခင်ထား အိမ်ရှေ့တံခါးဆီ  လျှောက်သွားကြသည်....။

"...ဘာလို့ အောက်ထပ် ဆင်းနေရတာလဲ..."

အလင်းရောင် ကြယ်စင့် ကို မြင်မြင်ချင်း ဆီးကြိုကာ ပြောလိုက်သည်....။

"...သားရယ်...သမီး က အိပ်ပဲအိပ်နေရင် ခေါင်းက ပို မူးမှာပေါ့...နည်းနည်းပါးပါး လောက်လေးတော့ လှုပ်ရှား ဦးမှပေါ့..."

"...အာ့ဆိုလည်း...မအိပ်ဘဲ နဲ့ အခန်းထဲမှာပဲ နေနေပေါ့..."

"...ထားလိုက်ပါတော့ မင်း ကလည်း...ကြယ်စင် နလန်ထူနိုင်တာ ပဲ ပို မကောင်းဘူးလား...အန်တီ လည်း ကြည့်ရှု ပေးနေတာပဲ...နော့် အန်တီရာ..."

"...ဟုတ်ပါ့တော်..."

"....အန်တီ ကတော့ အရင်လို လုတုန်းပတုန်း ပဲ နော်..."

"...မိုးသောက် တို့လည်း အရင်လို လူကို စိတ်ချမ်းသာအောင် ပြောတတ်နေတုန်းပဲ..."

"...ဟားဟား...ဟုတ်တယ်...ဟုတ်တယ်...လာလေ အိမ်ထဲ ဝင်ကြရအောင်...အိမ်ရှေ့မှာ မိုးတိုးမတ်တတ် ကြီး နဲ့..."

"...ဟုတ်သားပဲ ကြယ်စင် ဧည့်ခံ ဖို့ မေ့နေလိုက်တာ...ဝင်ကြမယ်လေ...မေမေ ဝင်ရအောင်..."

"...အွန်း.."

ကြယ်စင် ဒေါ်ခင်ထား ကို လက်ချိတ် ပြီး အိမ်ထဲ ဝင်ကြသည်...။

ဒါပေမယ့်~~~

မိုးသောက် က ရှေ့ကနေ ဦးဆောင် ဝင်သွားတော့....

အံမယ်....ဒင်းကပဲ ဦးဆောင် ပြီး အိမ်ထဲ ဝင်သွားလိုက်တာများ...သူက အိမ်ရှင် လား....
သူ့အိမ် အတိုင်းပဲ...ငါ လုပ်ထည့်ရ ဒင်းတော့ သေတော့မယ်.....

အလင်းရောင် အိမ်ပေါက်ဝ မှာ မိုးသောက် ကို ကျိန်ဆဲ နေနေတော့~~~

ပိုင်ဆိုင်ခွင့်လေး (Unicode)Where stories live. Discover now