"...အော်...သမီးကလည်းလေ...လိုင်းကားတော့ ရှိတာပေါ့.."

"...ဟီးဟီး...သမီး က မရှိဘူး မှတ်နေတာ မေမေရဲ့..."

"ရှိမှရှိ...သမီးရဲ့..."

"...ဟီး...သမီး မတွေ့လို့လေ..."

"...ဘယ်တွေ့မလဲ သမီးရဲ့...အဲ့ဘက်တွေ က ကိုယ်ပိုင် ကားတွေ ကိုယ်စီပဲလေ...လိုင်းကား ငှါးမစီးကြဘူး...အဲ့တော့ ကားတွေလည်း အဲ့ဘက်ထိ ပြေးမဆွဲကြတာ..."

"..အော်...အာ့ကြောင့် သမီး မတွေ့ဖြစ်တာကိုး.."

"...ဟုတ်ပါ့...သမီးရယ်...သမီး ပတ်လည်ချင်ရင် သားကို လိုက်ပို့ခိုင်းလေ..."

"...ရောင်က အလုပ်တစ်ဖက်ဆိုတော့ သမီးကို အချိန်ပေးနေရင် သူ့အလုပ်က ပစ်ထားခဲ့ရမှာလေ...အာ့ဆို သူ့ကို အလုပ်မလုပ်ဘူး ဘာညာ နဲ့ လက်အောက်ငယ်သားတွေ ရိုသေတန် နေမှာစိုးလို့ပါ..."

"...ဟုတ်ပါပြီကွယ်....လိမ်မာပြီး သိတတ်တဲ့ သမီးလေးကွယ်..."

"...မေမေ..အာ့ဆို ဒါပဲနော်..."

"​ေ.."

'ရော်...ဒီကလေးနဲ့ ဘာမှတောင် မပြောလိုက်ရဘူး...ဖေကြီးနဲ့ တိုင်ပင်ကြည့်မှ သမီးလေးအတွက် ကား စီစဉ်ပေးဖို့...'

ကြယ်စင် ဖုန်းမြန်မြန်ဆန်ဆန် ချလိုက်ရသည်...
စကားဆက်ပြောနေရင် အမှား ပါမှာ စိုးသည်နှင့် အမှန်ပင် ဖုန်းချပစ်လိုက်ရသည်...။

စျေးသွားဖို့ ကိစ္စ  ကတော့    ကြယ်စင် ပဲ    မီးစဉ်ကြည့်က ရမည်လေ...ဘယ်တတ်နိုင်ဦးမှာလဲ...
ကြယ်စင် အကျီ င်္တွေ လှဲ ယူစရာ ရှိတာယူကာ..
အိမ်တံခါး ခြံတံခါး သော့ခတ်လိုက်ကာ လမ်းကို အရင် အကဲခတ် ကြည့်လိုက်သည်...။

သက်ပြင်းပူလေး တစ်ချက် ချရင်း ကြယ်စင် လမ်းမကြီးကို မြင်ရသည့် နေရာ လေးသို့.   ဦးတည် လျှောက်သွားသည်...

သို့သော် ထိုလမ်းမကြီးလေးကလည်း လူ မတွေ့.....
ကားတွေ ဖြတ်မောင်းသွားလာခြင်းလည်း မရှိ...

ဒီအတိုင်း  လမ်းမလေး  ဖောက်ထားရုံသာ ဖြစ်လိမ့်မည် ထင်ပါတရ်....

ကြယ်စင် ဘယ်ဘက်သွားရမည်ကို ဝေခွဲမရ...။

အလင်းရောင် နဲ့ လက်ထပ်ပြီးကတည်းက.  ဒီအိမ်ကို ညဘက်မှသာ ပြန်လာဖြစ်တော့...
ကြယ်စင် လမ်းတွေကို ကောင်းကောင်း ဝေခွဲမတတ်...

ပိုင်ဆိုင်ခွင့်လေး (Unicode)Where stories live. Discover now