"...ရှင်...ဟုတ်.."

ကြယ်စင် လက်ဖျားလေးတွေ အေးစက်နေတာ..သူ သိသွားမလား...။

"အင့်..."

အလင်းရောင် က သူ့ဘယ်လက်ကို တံတောင်ကွေးကာ ကြယ်စင် ကို လက်ချိတ်ဖို့  "အင့်" လို့သာ ပြောသည်..။

ကြယ်စင် အလင်းရောင် သူ့ကိုများ ကြည့်နေမလား...ဆိုသော မျှော်လင့်ချက် နဲ့ ကြယ်စင် သူ့မျက်နှာ ကြည့်တော့ အေးခဲနေသော မျက်နှာနဲ့ ကြိုဆိုနေသော မင်္ဂလာ ခန်းမ တံခါးဝ ကိုသာ မျက်နှာမူနေသည်....။

အလင်းရောင် ရယ်...ကြယ်စင့် မျက်နှာ မကြည့်ချင်ရလောက်အောင်...ကြယ်စင့် မျက်နှာ ရုပ်ဆိုး အကျည်းတန် နေလို့လား...ကြယ်စင် ဘာတွေများ လိုအပ်နေသေးလို့ လဲ...အလင်းရောင် ရယ်....။

အလင်းရောင် စိတ်မရှည်သည့်ပုံစံဖြင့် ကြယ်စင်ရဲ့ လက်မောင်း ကို သူ့လက်နဲ့ တွတ်ထိုးနေသည်...။

သူ့လက်ကို ကြယ်စင် ချိတ်ဖို့ပေါ့....။

ကြယ်စင် လည်း နားလည်စွာ အေးစက်တုန်ရီနေသော လက် က တွန့်ဆုတ် တွန့်ဆုတ် နှင့် အလင်းရောင် လက်ကို ချိတ်လိုက်သည်...။

ပြီးတော့ သူတို့ ကို ကြိုဆိုနေသော ခန်းမ ဆီသို့ ဦးတည် လျှောက်ကြ၏...

ကြယ်စင်၏ မျက်လုံး အစုံ က~~~

မောင် အလင်းရောင် နှင့် မ ကြယ်စင်

                    တို့၏

      မင်္ဂလာ    ဧည့်ခံ ပွဲ....

ကြယ်စင် ထို စာတန်း လေးကြည့်ပြီး...
ရင်ထဲတွင်  နွေးထွေး မှု...ပျော်ရွှင်မှု...ကြည်နူးမှု  ကို မခံစားမိ...။

ကြယ်စင် ခံစားရတာ အေးစက်မှု တစ်ခုသာ~~

အေးစက်နေသော ခန်းမ....အေးစက်နေသော သတို့သား...အေးစက်နေသော ဆက်ဆံရေး
အေးစက်နေသော အပြုံး...အေးစက်နေသော
စကား....အေးစက်မှု မြောက်မြားစွာရဲ့ အလယ်မှာ ကြယ်စင် အားမာန် တင်းရင်း...မင်္ဂလာ ပွဲ ပြီးမြောက် သည်အထိ ပြုံးပြနေနိုင်အောင် ကြိုးစားနေရသည်......။

မင်္ဂလာ ပြီးတော့ သူတို့ နှစ်ဦး မင်္ဂလာ အိပ်ခန်းမှာ မအိပ်ဖြစ်ပါ...။

ပိုင်ဆိုင်ခွင့်လေး (Unicode)Where stories live. Discover now