အပိုင်း - ၁၀ (Zawgyi + Unicode)

Start from the beginning
                                    

ငွေကြေးမတတ်နိုင်၍ မုန့်မပါလာသူ ၊ မုန့်ဝယ်မစားနိုင်သူ ၊ အတန်းဖော်တစ်ချို့ကို သူပါလာသမျှမုန့်တွေ ဝေငှပေးပစ်တတ်ကာ သူကတော့ ခပ်မဆိတ် တိတ်တိတ်သာထိုင်ရင်း ထမင်းဘူးလေးကိုသာ ငုံ့စားနေလေ့ရှိသူ...

သူ့နာမည်နဲ့ report card မှာလည်း အမြဲတမ်း အဆင့်တစ်တွေချည်းသာ ပိုင်ဆိုင်ထားတဲ့သူ...

ဆင်းရဲနွမ်းပါးပုံပေါ်တဲ့ ကျောင်းစောင့်အဘကြီးရဲ့ အင်္ကျီစုတ်နေတာကို သနားလို့ဟုဆိုကာ နောက်တစ်နေ့မှာ သူ့အိမ်ကနေ အင်္ကျီနဲ့ပုဆိုးတွေ တစ်ထပ်ကြီး ယူချလာပြီး ရက်ရက်ရောရော ပေးပစ်တတ်တဲ့သူ...

အတန်းဖော်ကောင်လေးတစ်ယောက် ခဲတံချွန်ရင်း သူ့ဟာသူ ဓါးရှသွားလို့ စာမရေးနိုင်သည်ကို သူပဲတာဝန်ရှိသလို ခံယူကာ ထိုကောင်လေးအတွက်ပါ နှစ်ယောက်စာ စာတွေကူးရေးပေးခဲ့သူ...

မြို့နယ်တွေသာမက ပြည်နယ်နှင့်တိုင်းအဆင့် ဘာသာရပ်ဆိုင်ရာ ဥာဏ်စမ်းပြိုင်ပွဲများစွာ၌လည်း ကျောင်းဂုဏ်ဆောင်ကာ ဆုတံဆိပ်တွေ အများကြီးယူပေးနိုင်တဲ့သူ...

တစ်နေ့မှာတော့ ထိုကဲ့သို့သော "သူ" ဟာ နိုင်ဘုန်းရဲ့ ခင်မင်သော သာမန်သူငယ်ချင်းဘဝကနေ အခင်ဆုံး အရင်းနှီးဆုံး သူငယ်ချင်းအဖြစ် ပြောင်းလဲဖို့ ကြုံလာခဲ့တော့သည် ။ ထို အကြောင်းက...

လေးတန်းအတန်းတင် စာမေးပွဲကြီးနီးကာမှ နိုင်ဘုန်းတစ်ယောက် သွေးလွန်တုပ်ကွေးရောဂါနှင့် ဆေးရုံတက်ရပါလေတော့သည် ။ နေမကောင်းသည့်ကြားက စာမေးပွဲမဖြေနိုင်မှာကိုကြောက်ကာ နိုင်ဘုန်းမှာ တငိုငိုတရယ်ရယ် ။

နိုင်ဘုန်းဂျီကျလွန်းသဖြင့် ရန်ကုန်မှာကျောင်းတက်နေသူ မမကိုပင် ဖေဖေ့ခမျာ ပြန်ခေါ်ထားရသည်အထိ ။

အနည်းငယ်သက်သာလာသော်လည်း ဆေးရုံကဆင်းခွင့်မရသေးသဖြင့် ကျောင်းလည်းတက်လို့မရချေ ။ ကျောင်းမတက်ရတော့ စာကမရှိ ။

" အီး ဟီးးးး မမ သား စာမေးပွဲကျတော့မယ် ဟီးးးး "

" အော် မောင်လေးရယ်...နေကောင်းရင် စာတွေ မြန်မြန်ကျက်ပြီး ဖြေလို့ရတာပဲ ၊ မမမောင်လေးက ဒီလောက်ဥာဏ်ကောင်းတဲ့ဟာကို ၊ စာတွေက ခဏလေးနဲ့ရမှာပါ "

အသကျဆကျ သှေး ( အသက်ဆက် သွေး )Completed Where stories live. Discover now