အပိုင်း - ၁၀ (Zawgyi + Unicode)

Start from the beginning
                                    

ထိုကျောင်းသားအုပ်စုလည်း ငြိမ်ကုပ်သွားလေတော့သည် ။

ပြီးနောက် နိုင်ဘုန်းကို တွဲကာ

" လာ သွားကြစို့ နိုင်ဘုန်းလူ ၊ မင်း လမ်းလျှောက်နိုင်ရဲ့လား ၊ ငါ ကုန်းပိုးရမလား "

" ရတယ် ထူးချွန်သာ ၊ ငါ လမ်းလျှောက်နိုင်ပါတယ်  ၊ မင်းက မုန့်ဈေးတန်းကို ဘာလာလုပ်တာလဲ ၊ ခုနက ထမင်းစားနေတာမဟုတ်ဘူးလား "

" ဟုတ်တယ် ထမင်းစားနေတာ ၊ ဒါပေမယ့် မင်းထွက်သွားတာတွေ့တော့ အသိမရှိဘဲ တစ်ယောက်တည်းဖြစ်နေမှာစိုးလို့ ငါ လိုက်လာတာ "

ဒီလိုကျတော့လည်း ထူးချွန်သာဟာ ခင်ဖို့ကောင်းသား ။

အတန်းထဲရောက်တော့ နိုင်ဘုန်းကို နေရာမှာထိုင်ခိုင်းပြီး တစ်လုတ် နှစ်လုတ်စာမျှသာ အရာယွင်းသေးသော သူ့ထမင်းဘူးအား ထိုးပေးကာ

" စား နိုင်ဘုန်းလူ ၊ ခုနက မင်း ထမင်းဘူးမပါတာ ငါမသိလိုက်လို့ ခေါ်မကျွေးမိတာ "

ထင်မထားမိတာမို့ နိုင်ဘုန်းမှာ တအံ့သသြ ။

" မင်းကရော မစားဘူးလား ထူးချွန်သာ "

" မင်းစားလို့ပိုမှ စားတော့မယ် ၊ ငါက ဗိုက်သိပ်မဆာလို့ "

အဲ့ဒီနောက် သူစား ငါစား ငြင်းကြရင်း နောက်ဆုံးမှာ တစ်ယောက်တစ်ဝက် စားကြမည်ဟု အပြန်အလှန်အတည်ပြုပြီး အဝေတည့်သွားကြသည် ။

ထိုနေ့မှစ၍ ထူးချွန်သာဆိုသော လူကောင်ခပ်ထွားထွားကောင်လေးဟာ လူကြောက်လေး နိုင်ဘုန်းလူရဲ့ Hero ဖြစ်သွားခဲ့ရတော့တာပင် ။

ထိုစဉ်ကတည်းက ထူးချွန်သာဆိုတာ အသက် ၉ နှစ်အရွယ်လေးနဲ့မှ မလိုက် သူ့ပတ်ဝန်းကျင်ကလူတွေအပေါ် အဲ့ဒီလို တာဝန်ယူစိတ်နဲ့ စောင့်ရှောက်တတ်တဲ့ ကောင်လေးမျိုး ။

*********

အဲ့ဒီနောက်ပိုင်းမှာ ထူးချွန်သာရဲ့အကြောင်းတွေကို တဖြည်းဖြည်းနှင့် ပိုပြီး သိလာရသည် ။

သူဟာ မျက်နှာမချို ၊ နှုတ်က ရွှန်းရွှန်းဝေအောင် မပြောတတ်ပေမယ့် အကူအညီလိုတဲ့ မည်သူ့ကိုမဆို လှိုက်လှိုက်လှဲလှဲ ကူညီပေးတတ်သူ...

အသကျဆကျ သှေး ( အသက်ဆက် သွေး )Completed Where stories live. Discover now