အပိုင်း - ၉ (Zawgyi + Unicode)

Start from the beginning
                                    

ဒီကိစ္စကို မေတို့မသိဘူးဆိုတာ ဘယ်နည်းနှင့်မျှမဖြစ်နိုင် ။ ဒါနဲ့များတောင် ဒီလို သူပုန့်သားတစ်ယောက်ကို အိမ်မှာခေါ်ထားသေးသတဲ့ ။ အိမ်ခေါ်ထားရုံတင်မ,ကဘဲ သူ့ကိုပါ ထိုလူကြီးလက် ဝ,ကွက်အပ်ကာ စာသင်ခိုင်းလိုက်သေးသည် ။ ဘယ်လိုစိတ်ကူးနဲ့များလဲဆိုတာ တွေးကြည့်လို့ပင် လိုက်မမီ ။

ချမ်းအနေနဲ့လည်း ဒီအကြောင်းအရာကြီးအပေါ် ဘယ်လိုနည်းနဲ့မှ မသိချင်ယောင်ဆောင်မနေနိုင်ပါ ။ ဦးသာဟာ သူပုန့်သားဆိုတဲ့ အတွေးကြီးက တော်တော်ကို နေရခက်စေသည် ။ မသတီသလိုလို ဘာလိုလိုနဲ့ ။ ဘယ်လိုစိတ်ခံစားချက်ကြီးမှန်းကို မသိတော့ချေ ။

ချမ်းဆိုသည်က ကိုယ့်စိတ်ထဲ လုပ်ချင်လာပြီဆိုတာနဲ့ သင့်တော်၏ မသင့်တော်၏ ရှေ့နောက်တွေးတောချိန်ဆနေရခြင်းကို တယ်ပြီးဝါသနာမပါလှ ။ လုပ်ချင်တာဆို မဖြစ်ဖြစ်အောင် လုပ်လိုက်ရမှဆိုသည့် ခပ်ညစ်ညစ်လူစားဖြစ်သည် ။

ဘာလုပ်ရမယ်ဆိုတာကို ဆုံးဖြတ်ချက်ကျသွားသည့်ခဏမှာ ချမ်း ကားလေး၏ဦးတည်ရာက လေးငယ်ရဲ့ ရုံးခန်းဆီသို့ ။

လေးငယ်ရဲ့ရုံးကိုရောက်တော့ ချမ်းတစ်ယောက် အမျိုးသမီးဝန်ထမ်း လှတပတလေးတွေရှေ့မှာ ယခင်ကလို အထာပေးလမ်းလျှောက်ရင်း Smart ကျကျ ဟန်ရေးတပြပြ မလုပ်နိုင်တော့ ။ ရုံးခန်းရှိရာသို့သာ ဦးတည်ပြီး ခြေလှမ်းကြဲနှင့် ဝင်လေ၏ ။

ရုံးခန်းတံခါးဝမှ တံခါးခေါက်ပါဆိုသော စာတမ်းကို လျစ်လျူရှုပြီး တံခါးကို ဝုန်းခနဲတွန်းဖွင့်ကာ ဝင်တော့ စာရွက်ပုံကြီးနဲ့ အလုပ်ရှုပ်နေပုံရတဲ့ လေးငယ်က မျက်မှောင်ကြုတ်လျက် မော့ကြည့်လာသည် ။

ဒါပေမယ့်လည်း စည်းမဲ့ကမ်းမဲ့ ဝင်လာတဲ့သူက ချမ်းမှန်းသိသွားသည်နှင့် ထိုမျက်မှောင်ကြုတ်တို့က အလိုလိုပြေသွားကာ

" ချမ်း မပြောမဆိုနဲ့ ဘာလာလုပ်တာလဲ ၊ မုန့်ဖိုးကုန်သွားပြန်ပလား "

ကျွတ်...လူကိုမြင်မြင်ချင်း မုန့်ဖိုးစကားကို တန်းပြီးပြောရအောင် ဒီကောင်က ကလေးကျလို့ ။

" လေးငယ်ရဲ့စာရွက်တွေကိုချပြီး ဒီနားမှာ လာထိုင်ဦး ၊ ချမ်း လေးငယ်နဲ့ အကြိတ်အနယ် ဆွေးနွေးရမှာတွေရှိတယ် "

အသကျဆကျ သှေး ( အသက်ဆက် သွေး )Completed Where stories live. Discover now