"ကျွန်တော် ပျင်းလို့ အပြင်သွားလိုက်အုံးမယ်.. ဦးစိုးမလိုက်နဲ့တော့..ဟိုတယ်မှာကျန်ခဲ့ "

"ဒါပေမယ်. သူဋ္ဌေးလေး.."

"စိတ်ချပါဗျ... ကျွန်တော်အရွယ်ရောက်ပြီသာ လူငယ်တယောက်ပါဗျာ အဲလောက်ကြီး လိုက်ပူမနေနဲ့တော့ ပေး.. ကားသော့ "

"ဟုတ်ကဲ့ သူဋ္ဌေးလေး"

.
.
.
.
"ဒေါ်မြ "

"ရှင် သူဋ္ဌေး. "

"မိုးမခ ဘယ်သွားလဲ.. "

"ခြံထဲ့မှာ ထင်တယ် .. ဘာဖြစ်လို့လဲ သူဋ္ဌေး..."

"သြော်.."

သူဋ္ဌေး ဒိနေ့ထူးဆန်းနေတယ် ပြီတော့ ဟိုနေ့ မနက်က ဒေါ်မြ အပေါ်ထပ် ကို သန့်ရှင်းရေးသွားလုပ်တော့ သူဋ္ဌေးအခန်းကနေ ခ..တယောက်ထွက်လာတာကို တွေ့လိုက်တယ် အင်း ဒေါ်မြ ထင်သလိုတွေများမဖြစ်ပါစေနဲ့ ပတ်ဝန်းကျင်ဆိုတာ လိုက်ပြီ ကြည့်နေကြတာ တဖက်က ကိုယ်ရဲ့ ကျေးဇူးရှင် အလုပ်ရှင် တဖက်က တူလို့ သားလို့ချစ်ရတဲ့ ကလေး ဟင်းးး
.
.
.
.
မိုးမခ မနက်ပိုင်းခြံထဲ့ဆင်းရတာ အရမ်းသဘောကျတယ် အိမ်လေးက အရမ်းကြီးလဲ မကြီး အရမ်းကြီးလဲမသေး ဖေဖေကိုယ်တိုင်း စိတ်တိုင်းကျ ဖန်တီးခဲ့တဲ့ အိမ်လေး နှစ်ထပ်တိုက်လေး...

ခနကြားတော့ သူ... ထို သူ..ရယ်ပါ

"ဟင်းး ဦးမင်းသွေးပိုင် အစောကြီးနိုးနေတာလား.."

"အင်း"

"ကျွန်တော် ဘာခိုင်းစရာရှိလို့လဲ..အပြင်စာ စားခြင်းလို့လား တခုခုဝယ်ပေးရမလား.."

ကျွန်တော်ရှေ့ အကောင်ပေါက်လေး သူပြောခြင်းတာပြောပြီ ထွက်သွားဖို့လုပ်နေတာ မင်းသွေးပိုင် တဲ့ ဒါမျိုးသွေးလာစမ်းလို့ ဘယ်ရမလဲ ကျွန်တော်သူလက်ကောက်ဝတ်လေးကို ဖမ်းဆွဲထားတော့

မနက်ခင်း ရောင်နီကြောင့် ကြယ်ပွင့်လေးလို့ တောက်နေတဲ့ သူမျက်ဝန်းတစုံက ကျွန်တော်အမြဲကျရှံးရတယ် ..

"ကိုယ် ဘာမှလဲ ခိုင်းစရာမရှိဘူး..စားချင်လဲ ဦးနောင် ကို သွားဝယ်ခိုင်းမယ်.."

"အဲတာဆို ကျွန်တော်လက်ကို လွှတ်အုံး.. ကျွန်တော်မနေတတ်ဘူး.. အဲလိုကြီး..."

၃၁ဘုံမှာဦးအချစ်တတ်ဆုံး Where stories live. Discover now