"သေချာလား"

"သေချာလေရော့"

ခွန်နှောင်းမှမစလျှင် ဒီလူကြီးဘက်ကစလာဖို့မမြင်။

"လူကြီး မမနန်းစောကို ချစ်သေးလား"

"မရီးတော်စပ်သူကို မည်သည့်စိတ်ထားရပါ့"

"ချစ်ခဲ့တုန်းကရော ဘယ်လိုစိတ်နဲ့ ချစ်ခဲ့လဲဟင်"

ခွန်နှောင်းကော်ဖီခွက်ကို ခပ်တင်းတင်းဆုပ်ကိုင်မိသည်။ ရရှိလာမည့်အဖြေကိုလည်း မချင့်မရဲနားထောင်နေမိ၏။

"အတိတ်တုန်းကတော့ မေတ္တာမျှနေတယ် ထင်ခဲ့မိပေမယ့် ယခုပြန်တွေးမိရင်ဖြင့် မောင်နှမကြားက မေတ္တာဖြစ်လေရော့မယ်ထင်ရဲ့"

"ဒါဆို ကျွန်တော့်ကိုရော"

"သျှန်ခွန်နှောင်း"

"လူကြီး ကျွန်တော့်အပေါ်ကိုရော ဘယ်လိုသဘောထားလဲ ကျွန်တော်သိချင်တယ်"

ဦးသာ ရှေ့က ကောင်ငယ်လေးကိုအကဲခတ်ကြည့်တော့ မျက်လုံးလေးများက ကြည်တောက်တောက်။ ဦးသာ၏ အဖြေကို မျှော်လင့်နေဟန်။

"ဒီတိုင်း ညီငယ်လေးလို .."

"ခင်ဗျားအခုထိ ညီငယ်လေးအဆင့်က မတက်သေးဘူးလား၊ ခင်ဗျားမဖုံးကွယ်ပါနဲ့တော့၊ ခင်ဗျားရှောင်နေတုန်းက မမနန်းစောလာပြောတယ်၊ ကျွန်တော်အကုန်သိပြီးပြီ၊ ခင်ဗျားဦးလေးငယ်အကြောင်း၊ ပြီးတော့ ..ပြီးတော့ ခင်ဗျား ကျွန်တော့်ကိုချစ် .. ချစ်နေတဲ့အကြောင်း"

"ခွန်နှောင်း အကျွန်မရည်ရွယ်ခဲ့ရော့"

"ဝန်ခံတာလား၊ အခုက ကျွန်တော့်အပေါ်မရိုးမသားဖြစ်နေတာကို"

"အဲ့လို .. မဟုတ်"

ခွန်နှောင်းလည်း ကြိတ်ပြီးသာ ရီမိတော့သည်။ သက်ပြင်းငယ်တစ်ခုပါ ခိုးချလျက်။

မိုင်းပွန်ရောက်ကတည်းက ခွန်နှောင်းကိုလိုလေးသေးမရှိ ဂရုစိုက်တတ်သော ဒီလူကြီးကို ခွန်နှောင်း မေတ္တာရှိသည်မှာ မမနန်းစော မင်္ဂလာပွဲကတည်းကဖြစ်လေသည်။ ဒါကိုလည်း ဆန်းစစ်မိသည်က မကြာသေး။ ထိုင်နေသော ဦးသာ၏ ခေါင်းကို လက်ဖဝါးနှစ်ဖက်ဖြင့် အုပ်ကိုင်ကာ ခွန်နှောင်း ကြင်ကြင်နာနာပြောလိုက်တော့သည်။

နှောင်းဦးသက်လည်တည်စေအံ့Where stories live. Discover now