"ခုမှ စိတ်ပူတယ်ပြောတယ်၊ အစက ပစ်ထားပြီးတော့ အခုမှ၊ အခုမှ လာပြီး"

"အကျွန်မှားလေစ၊ အကျွန်တောင်းပန်ရော့တယ်"

"ကျွန်တော်လည်း ဘယ်သိမှာလဲ၊ သူတို့က ခြေထောက်ကိုရစ်သွားတာဘယ်သိမှာလဲလို့၊ ကျွန်တော် .. ကျွန်တော် မိုင်းပွန်ကို ချန်မထားခဲ့ချင်ဘူး၊ ကျွန်တော် ပြန်မသွားချင်တော့ဘူး"

"မသွားချင်လည်း ပြန်မပို့ရော့ဘူး၊ မငိုနဲ့လေစ ၊ အကျွန်ကျွေးထားရော့မယ်၊ တစ်သက်လုံး.. တစ်သက်လုံးအထိ အကျွန်ကျွေးထားနိုင်ရော့တယ်"

"တကယ်နော်၊ ကျွန်တော် မပြန်တော့ဘူး၊ ကျွန်တော် လူကြီးနားမှာပဲ တစ်သက်လုံးနေမှာ"

"နေရစေ့မယ်၊ အကျွန်ခေါ်ထားမယ်လေစ"

ခေါ်ထားလေမည်။ ပြန်မပို့နိုင်တော့ချေ။

ဒီဖြူအုအုကောင်ငယ်လေးသည် ဦးသာအတွက်တော့ ဘုရားပေးတဲ့ လက်ဆောင်ဟုသာ သတ်မှတ်လိုက်ချင်ပါတော့သည်။

"ပြန်စို့၊ အေးရော့တယ်၊ ကျန်းမာရေးမကောင်းလျှင် အကျွန်ပဲ စိတ်ပူရလေရော့"

"အင်း ပြန်မယ်"

နှာတရှုံ့ရှုံ့ဖြင့် ထလာသော ထိုကောင်လေးကို ဦးသာဝတ်ထားသော ကုတ်ရှည်ဖြင့် လွှမ်းခြုံပေးမိသည်။

ခွန်နှောင်းရင်ထဲ ဗလောင်ဆူသွားသကဲ့သို့ပင်။ ခုန အနမ်းခံရသလိုဖြစ်သွားတော့လည်း ယခုကဲ့သို့ ခံစားရသေးသည်။ ဘယ်လိုပဲဖြစ်ဖြစ် ခွန်နှောင်းခြုံထားရသော ကုတ်ရှည်သည် ခွန်နှောင်းကို လုံခြုံမှု ပေးစွမ်းနိုင်သည်ဟု ခံစားရလေသည်။

~~~~~~

အချိန်အားဖြင့် ည ကိုးနာရီခန့်။

ရေဒီယိုကတ်ဆက်ဇာတ်လမ်းပြီးသွားသောအခါ ခွန်နှောင်းသည် ကော်ဖီကြမ်းခွက်နွေးနွေးကိုချ မီးလင်းဖိုဘေးမှထကာ ကတ်ဆက်ကို ထပိတ်လေသည်။ ထို့နောက် ဆွယ်တာကို အနည်းငယ် ဆွဲချ ကော်ဖီကြမ်းခွက်ကို ပြန်ကိုင်ကာ ဦးသာ အနားလျှောက်လာ၏။

"လူကြီး၊ ကျွန်တော့်ကို ပြောစရာရှိလား"

"မည်သည်ရှိရလေစ၊ ဘယ်အရာမျှ မရှိရော့"

နှောင်းဦးသက်လည်တည်စေအံ့Onde as histórias ganham vida. Descobre agora