9.16

10.6K 1.1K 81
                                    

<Unicode>

နတ်ဘုရားလေးပါး၏ ရင်ထဲတွင်  ကြီးမားသော ကပ်ဘေးတစ်ခု ကျရောက်လာတော့မည်ဟု ခံစားမိကြသည်။ စစ်နတ်ဘုရား၏ အရှိန်အဝါသည် ၎င်းတို့ ဝိဉာည်များထဲအထိ တုန်လှုပ်သွားစေကာ မူလတက်ကြွနေမှုများမှာလည်း ဤစွမ်းအားအောက်တွင် ကြက်ပျောက်ငှက်ပျောက်ဖြစ်ကုန်သည်။

ငြိမ်းချမ်းရေးကာလအတွင်းမှ စစ်နတ်ဘုရားတစ်ပါးသည် စွမ်းအားယုတ်နည်းနေမည်ဟု ထင်ထားခဲ့ကြသော်ငြား ယခု မျက်မြင်ကြုံရမှ ၎င်းတို့ အထင်နဲ့ အမြင်တက်တက်စင်အောင် လွဲနေမှန်း သိရတော့သည်။ စစ်နတ်ဘုရားသည် စစ်ရေးရာအင်အား အကြီးမားဆုံးဖြစ်သလို အကောင်းဆုံး ကာကွယ်ခုခံသူဆိုလည်း မှန်သည်။ သူ့အနေနှင့် တကယ်သာ အဆုံးအစွန်ထိ လုပ်ချင်ပါလျှင် ဘယ်နတ်ဘုရားမှ ထိခိုက်မှုမရှိဘဲ လွတ်မလာနိုင်ပေ။

မီး၊ ရေ၊ မြေ၊ အိပ်မက် နတ်ဘုရားလေးပါးသည် စစ်နတ်ဘုရား၏ ပိုင်နက်အတွင်း ပိတ်ထားခံရသည်။ ၎င်းတို့ ထွက်ပြေးချင်တောင် ခန္ဓာကိုယ်များကား လှုပ်မရ။ ၎င်းတို့က တစ်ချက်မှ လှုပ်မလာသေးသော ဆာရာ့ကို ကြည့်ကာ အသံတစ်စက်မှ မထွက်ရဲကြပေ။

ထိုအချိန်မှာပင် ဆာရာသည် ရုတ်တရက် ခေါင်းမော့ကြည့်လာရာ မူလ တည်ငြိမ်နေသော လေထုသည် လျင်မြန်စွာ စီးဆင်းလည်ပတ်ပြီး နတ်ဘုရားလေးပါးမှာ ရုတ်တရက် အတိုက်ခိုက်ခံလိုက်ရသည့်အလား အနောက်သို့ လွင့်ထွက်ကုန်သည်။ လဲကျသွားစဥ်ခဏတွင် သမုဒ္ဒရာရေလှိုင်းအလား စွမ်းအားကြီးတစ်ခုက ၎င်းတို့ကို ကိုယ်စီရုပ်ထုများဆီ ပြန်ပို့လွှတ်လိုက်ပြီးနောက် ရုပ်ထုများအတွင်း ပိတ်ထားလိုက်ကာ ဘာလုပ်လုပ် ရုန်းထွက်လို့ မရနိုင်ပေ။

သူတို့ကို ချိတ်ပိတ်လိုက်တယ်? မဖြစ်နိုင်တာ! စစ်နတ်ဘုရားက ရှေးနတ်ဘုရားလေးပါးစလုံးကို တပြိုင်နက်တည်း ချိတ်ပိတ်ဖို့ မဖြစ်နိုင်ပေ။

အမှန်လည်း ဆာရာသည် နတ်ဘုရားလေးပါးစလုံးကို တပြိုင်တည်း ချိတ်ပိတ်လို့ မရပေ။ သို့သော် ခဏလောက် ချုပ်ထားပြီးမှ တစ်ပါးချင်းစီကို ချိတ်ပိတ်ပစ်လို့ရသည်။

ချစ်သူ့ နတ်ဘုရား〖 Completed 〗Where stories live. Discover now