Chapter 01|Prologue (Unicode)

173 18 0
                                    

နှစ်မိနစ်ဆိုတဲ့ အချိန်လေးအတွင်းမှာ ကမ္ဘာကြီးတစ်ခုလုံး ကိုယ့်ရှေ့မှာတင် ပြိုကျပျက်စီးသွားသလို ခံစားရဘူးကြလား.......

ကမ္ဘာပေါ်မှာရှိနေတဲ့ အရာအားလုံးလိုလို အဆောက်အဦးတွေ လှပမှုတွေ ကောင်းမွန်တဲ့ နေ့ရက်လေးတွေ အဖြစ်အပျက်အမှတ်တရလေးတွေ အားလုံးဟာ မုန်တိုင်းတစ်ခုကြောင့် ပျက်စီးပျောက်ဆုံးသွားသလိုမျိုး...........

ကိုယ်မှတ်မိနေတဲ့ အမှတ်တရ​တွေ အချစ်တွေဟာ အချိန်ခနလေးအတွင်းမှာပဲ ထာဝရမှုန်ဝါးသွားတော့မဲ့ အဖြစ်အပျက်တွေ ဖြစ်လို့သွားချိန်မှာ.......

ငါ့ဘဝကြီးတစ်ခုလုံး ခြေထောက်အောက်မှာ ကျိုးပဲ့ပျက်စီးသွားသလို ငါအခု သမုဒ္ဒရာအောက်​ခြေကို တဖြည်းဖြည်းချင်း နစ်မြုပ်သွားသလို ခံစားနေရတယ်။

ဒီ......ဒီခံစားချက်ကြီးက....တကယ်ကို...အစစ်အမှန်လိုကြီး နာကျင်စေလွန်းတယ်

ကြောက်စရာ အိပ်မက်ဆိုး နောင်တစ်ခုလိုပဲ မြန်မြန်နိုးထလာချင်ပေမဲ့လည်း အိပ်မက် မဟုတ်ဘူးဆိုတဲ့ အမှန်တရားက မပြောင်းလဲသွားပါလား......

'Crush' က လူတွေအားလုံးရှေ့မှာ..ပြောရရင်တစ်ကျောင်းလုံးရှေ့မှာ ငါ့ရဲ့ "အနမ်းဦး" ကိုယူသွားပြီး 'ငါ့ရဲ့ 'အနမ်းဦး'ကို ရရင် $500 ရမယ်ဆိုလို့ နမ်းရတာ..' ဆိုတဲ့ လှောင်ပြောင်တဲ့ စကားတွေကြားခဲ့ရတာက ငါ့ဘဝ တစ်လျောက်လုံး ဒီနှစ်တွေမှာ ဝလွန်းတဲ့ခန္ဓာကိုယ်ကြောင့် သက်တူရွယ်တူ အတန်းဖော်တွေတင်မကပဲ အစ်ကိုအရင်းဆီကပါ အနိုင်ကျင့်ခံခဲ့ရတာတွေထက်စာရင် ဒါက မပြောပလောက်တဲ့ အချက်လေးပါပဲလား.....

ဒါကြောင့်များဖြစ်နိုင်မလား....

ကျောင်းကနေ projectအပြီး ပြန်လာတဲ့အချိန်မှာ အမေရဲ့ နှုတ်ခမ်းထက်မှာ လူစိမ်းတစ်ယောက်ရဲ့ နှုတ်ခမ်းတွေကို တွေ့လိုက်ရတဲ့ အဖေက သူတို့ကိုကြည့်ပြီး လက်သီးတင်းတင်းစုပ်ရင်း မျက်ရည်ကျနေတာကို အမေ မြင်မိသွားလို့လား.....

I Was The Fat GirlWhere stories live. Discover now