"အသဲလေး ရော့ အသားစား"

မျက်မှောင်က အော်တိုကျုံ့ပီးသား
ပါးစပ်ထဲကထမင်းလုတ်အား ကမ္ဘာ့ရန်သူလိုဝါးနေရင်း မျက်ရည်ကဝေ့လာပီ။
အပိုတွေ အိုဗာတင်းတွေဖြစ်နေတာလို့မထင်ပါနဲ့။
ဘယ်သူမှမထင်မှတ်ထားလောက်အောင်sanbaeကိုကျွန်တော်ချစ်တာမို့
ထမင်းတစ်လုတ်ကိုမနည်းမြိုချလိုက်ရပီး ဆက်မစားနိုင်တော့..

sanbaeအား အသဲလေးခေါ်လိုက် အချစ်လို့ခေါ်လိုက်နဲ့ တစ်ခုပီးတစ်ခုခွံ့ကျွေးနေသေး၊
ကျွန်တော့ရှေ့တွင်ပြုံးခဲသောsanbaeကလဲ ပြုံးရီကာခွံ့ကျွေးသည်များကိုစားနေသည်။

hoseokကလဲ အခြေအနေကိုရိပ်စားမိနေတာကြောင့်စိုးရိမ်နေမိသည်။

ထိုအချိန် namjoon hyung၏
""မင်းတို့၂ယောက်ကလဲ Roနေလိုက်ကြတာ""ဟူသောစကားသည် ကျွန်တော့ရင်ထဲတွင်မီးတောက်တစ်ခုဖြစ်ပေါ်လာသလို ပူလောင်သွားသည်။

hyungပြောသလိုပုံစံဆို
sanbae နဲ့ jin hyungက!
ဒါကြောင့် အနေအေးလှသောsanbaeအား jin hyungကအသဲလေးလို့ခေါ်ကာအသားယူနေသည်ကို အပြုံးမပျက်ပဲနေနေသည်လား။

ထပ်မံကာ namjoon hyungက
""ဒီကောင်တွေ အတန်းထဲမှာဘေးချင်းကပ်ထိုင်ပီးroတာအားမရလို့ ကန်တင်းမှာပါလာပီးချစ်ကြည်နူးနေသေးတယ်""

ဦးနှောက်ထဲလုံးဝဗလာကျင်းသွားသည်၊
အတွေးများဆက်တိုက် ဆက်တိုက်ကိုပေါ်လာသည်။
ဒါကြောင့်sanbaeကငါ့ကိုချေနေတာလား၊
ငါsanbaeကိုကြိုက်နေတာတစ်ကျောင်းလုံးနီးပါးသိသည် sanbaeလဲသိသည်၊ သို့သော်ဘာတုံ့ပြန်ချက်မှမရ ဘာခံစားမှုမှမပြ အမြဲတမ်းချေခံရသည်။
အဲ့အကြောင်းပြချက်က ...

မျက်ရည်တွေကို ဘယ်လိုမှမထိန်းထားနိုင်တော့သလို ဆက်ပီးလဲဒီမှာမနေချင်တော့
အမြန်ထကာပြေးထွက်မည်လုပ်ကာမှ လက်ကထမင်းပန်းကန်ကိုတိုက်မိပီး..
ဘန်း!!

အကုန်လုံးကလှည့်ကြည့်လာသည်မို့
ထမင်းပန်းကန်ပဲကောက်သိမ်းရမလိုလို
ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေချိန်
အနေအေးပေမယ့်အလိုက်သိလှသောYoongiက..

"သွား ငါသိမ်းလိုက်မယ်"
ဟုပြောသည်နှင့်တစ်ချိုးတည်းပြေးထွက်လာခဲ့သည် အနောက်တွင်ဘာတွေဆက်ဖြစ်လဲတော့taehyungမသိပေ။

𝐒𝐄𝐍𝐈𝐎𝐑 (Completed)Where stories live. Discover now