We've updated our Content Guidelines.
Review the latest guidelines to keep sharing stories safely.

အပိုင်း ၁

111 8 4
                                        

"ဘယ်သူမေးတာလဲ စုံစမ်းလို့ရပြီလား"
ရှိုင်းထွဋ်ခေါင် ၏သိချင်စိတ်ဖြင့် မေးနေသံအဆုံး နိုင်း၏သက်ပြင်းချသံ ခပ်ဖွဖွ ကလည်းကပ်ပါလာသည်

"ကိုယ့်ဘာသာစုံစမ်းပါလားမင်းကြောင့်ငါအချိန်တွေပုပ်တယ် လွတ်လွတ်လပ်လပ်ကိုမနေရဘူး"

"ငါကသိချင်လို့ပါ ငါ့အကြောင်းစုံစမ်းနေတာဘယ်သူလဲ
လို့ ဒါမဲ့ လေ အဲ့ကောင်တွေ က အားကိုးရတယ် သိလား ငါ့အကြောင်းမေးလို့ပြောပြလိုက်တာပဲပြောတာ ဘယ်သူမေးတာလဲမပြောဘူး
လျှို့ဝှက်ထားပေးပါဆိုလို့တဲ့ ပေါင်းရကျိုးမနပ်တဲ့ကောင်တွေ"

ရှိုင်း၏တစ်ရှည်တစ်ဝေးရှင်းပြချက်
အဆုံး နိုင်းရဲ့ သက်ပြင်းချသံပြန်လည်
ကြားရပြန်သည်
ဒီတစ်ခါတော့ ရှိုင်းပြောချေပြီ

"မင်းဟာကလည်းသက်ပြင်းကြီးချနေ
တာပဲ မသာအိမ် မဟုတ်ဘူးနော်"
ထိုအခါမှနိုင်းသည် မျက်စောင်းထိုးကာ
လည်ပြန်ကြည့်သည်

ဒီကောင်နိုင်းစေအံ့ကလေ သူ့ချစ်သူနဲ့သာ
တောင့်တောင့်တင်းတင်း အားကိုးရသလိုလို လူမိုက်လိုလိုဆိုဒ် ဖမ်းနေတာ
တကယ်တော့ ကလေးလိုလို
ခွေးလိုလို
"ဟေ့ကောင် မင်းကမင်းပြဿနာထဲငါ့ဆွဲထည့်နေတာလေ ငါ့ချစ်သူနဲ့ရည်ငံနေရမယ့်အချိန်မှာ
မင်းကိုကြိုက်လို့မင်းအကြောင်းစုံစမ်း
နေတဲ့ လူကိုလိုက်ရှာပေးနေရတာ
အဆင်မပြေဘူး ဟျောင့်
မင်းပဲနန်းခမ်းလွှာကိုကြိုက်တာဆို
သူ့ကိုကြိုက်တာလည်း မဟုတ်
စိတ်ဝင်စားတာလည်းမဟုတ်ပဲ
ဘာတွေအဲ့လောက်စုံစမ်းနေတာလဲ
မင်းသာသူ့ကိုတကယ်စိတ်မဝင်စားဘူးဆို သိချင်စရာဘာအကြောင်းမှမရှိဘူး"

နိုင်း က စကားအများကြီးပြောပြီး မောသွားပုံရသည် ဘေးနားကရေခွက်မှ
ရေတွေကို တဂွတ် ဂွတ် မြည်အောင်သောက်နေပြန်သည်

"ငါကသိချင်ရုံ......"

"ကိုနိုင်း "

"လာလေ ဘေဘီ"
သူ့ဘေဘီလာတာနဲ့ ပြောလက်စကားတောင် နားမထောင်တော့
ဒီကောင်ဟာလေ
မယားကိုကြောက် အဲလေ လင်ကိုကြောက်တယ်
"ကိုနိုင်း ဒီနေ့တစ်မနက်လုံးဘေဘီဆီကို
ဖုန်းလည်းမဆက်ဘူး ဘာတွေလုပ်နေတာလဲကွာ"
ဟူသော စိုင်းနွမ်ခ ၏ချွဲချွဲပြစ်ပြစ်
စကားပြောသံကိုကြားတော့ ရှိုင်းထွဋ်ခေါင်ကနိုင်းမြင်အောင်
အော့အန်ချင်ဟန်လုပ်ပြလိုက်တော့
အသံတိတ်အဆဲခံရသည်
"မဟုတ်ပါဘူး ဒီကောင်လေကိုယ့်ကို
နှိပ်စက်နေတာ သူ့ပြဿနာ တွေထဲ
စုံစမ်းခိုင်းနေတော့မအားဘူးဖြစ်သွား
တာ"

Hopeless  RomanticStories to obsess over. Discover now