30x (Zawgyi&Unicode)

Start from the beginning
                                    

ကားမောင်းနေတဲ့ လမ်းတစ်လျှောက်လည်း သတိုးစိတ်က ဟိုရောက်ဒီရောက်

*တကယ် သူမလုပ်ဘူးလား?? ဒါဆို ဘယ်သူလဲ*

သတိုး ကိုယ်တိုင်သိခဲ့ရတာက သစ်နဲ့သူနဲ့ ပထမဆုံး videoစရိုက်တဲ့နေ့က သတိုးချိန်းထားတာ *ရေပြင်သစ်*ဆိုတဲ့ကောင်လေးနဲ့ မဟုတ်

တခြားတစ်ယောက်နဲ့ကျိန်းသေချိန်းထားတာပါ

သတိုးသွားခါနီး နာရီ၀က်လောက်အလိုမှာပဲ လိပ်စာပြောင်းပေးသွားတာ ချိတ်ပေးတဲ့သူလည်း အသိထဲက ဆိုပေမယ့် လူသာချောနေရင် အကုန်လုပ်ပေးတဲ့သူဆိုတော့ သတိုးသွားမေးလည်း ထွေထွေထူးထူးသိလာရမှာမဟုတ်

သစ်က ဘယ်လောက်မိုက်ကြောင်း စမ်းကြည့်သင့်ကြောင်း ဒီလောကထဲရောက်တာ မကြာသေးကြောင်း
ပညာကတော့ စွမ်းကြောင်း

အရမ်းတွေညွှန်းပြီး သတိုးကိုလွှတ်လိုက်တာလေ

သတိုးကိုယ်တိုင်လည်း သစ်ကို သဘောကျ
ရိပ်ကလည်း ကြိုက်တာမို့ 3ယောက်သား living Togetherနေနေတာ လပိုင်းလောက်သာ ရှိသေးသည်

အဲ့တော့ သစ်အကြောင်း သူတို့ဘာမှမသိ ဘယ်ကမှန်း မသိတဲ့ Doctorဆိုတဲ့အကိုပေါ်လာတာပဲသိရသည် ဘယ်မှာလဲ မိဘ?? ဘာလုပ်လဲ?? ဘယ်မှာနေလဲ?? ဘာမှကိုမသိရပါဘူး သစ်ကိုယ်တိုင်ကလည်း အစကို မချီဘူး

ဘယ်ပြောဖြစ်မလဲ တနေ့တနေ့ သူ့အလုပ် ကိုယ့်အလုပ်ရှုပ်နေကြတာကို အားရင်လည်းအားတဲ့အချိန်က Sexလုပ်နေရတာမှတ်လား??

သစ်အကြောင်းကို အိမ်ရောက်ရင် သေချာမေးမှပါ လို့တောင် သတိုးတွေးမိသေးသည်

ဒီကောင်လေးကချစ်စရာကောင်းသလောက် အန္တရာယ်တွေများနေတယ် မဟုတ်လား?? စိတ်ပူရပါတယ်လေ ကိုယ့်Babyလေးဆိုတော့

တွေးရင်းနဲ့ သတိရသွားကာ ဘာမုန့်စားချင်လဲလို့ ဖုန်းတောင်လှမ်းဆက်မေးမိသေးတယ်

"ဦးရိပ်ကျွေးတဲ့ရေခဲချောင်းစားနေတယ်" ဆိုတဲ့ အဖြေက ရင်ထဲ လှိုက်ခနဲဖြစ်သွားကာ အိမ်ကို မြန်မြန်ရောက်ဖို့သာ မီးပွိုင့်တွေကြားက ထိုင်ဆုတောင်းနေရတဲ့အဖြစ်

Oh !Where stories live. Discover now