"ကိုယ်က Mochaသောက်မယ် အချစ်ကရော"

ကျွန်မက အချစ်ဟုခေါ်လိုက်သောကြောင့် Jisoo Unnieက အံ့သြစွာဖြင့် ကျွန်မတို့၂ယောက်ကိုငေးစိုက်
ကြည့်သည်။

ထိုအခါ သူက သူ့လက်သူကြွယ်ကိုထောင်ပြလိုက်သည်။

"လီဆာတို့၂ယောက် လက်ထပ်ထားတယ် Unnie"

Menu လှန်နေသော ကျွန်မလက်တွေ တုံ့ဆိုင်းသွားသည်။ သူကတော့ ဘာမှဖြစ်ပုံမရ။

"အာ...ဒီလိုပဲဖြစ်ရမှာပေါ့ ကွန်ဂရက်ကျူလေးရှင်းပါကွာ"

Jisoo Unnieက လက်ခုပ်လေးတီးပြီး အလှပဆုံးပြုံးကာ ဂုဏ်ပြုပေးသည်။

ကျက်သရေရှိလိုက်တဲ့ အမျိုးသမီးပါလား။
သူ..ရင်ခုန်ခဲ့တာမဆန်းပါဘူးလေ။

ကော်ဖီလာချပေးတော့ ကော်ဖီသောက်ရင်း ကျွန်မတို့စကားဆက်ပြောဖြစ်ကြသည်။Jisoo Unnieက သူမ
Usကလူတစ်ယောက်နှင့် အိမ်ထောင်ကျသည့်အကြောင်း၊ သူမသားလေးအကြောင်း စသည်ဖြင့်..စသည်ဖြင့်......

"ဂုဏ်ယူပါတယ် Unnieရယ် တကယ်ကို"

"အင်းပါ ကဲ Unnieလည်းသွားဦးမယ် Fightingနော် လီဆာ မင်းJennieကိုစောင့်ရှောက်ရဦးမှာ အသက်ရှည်ရှည်နေရမယ်နော်"

သူကတော့ ယောင်ယောင်လေးပြုံးကာ ခေါင်းငြိမ့်ပြသည်။

▪️▪️▪️▪️▪️

"အချစ် "

"အင်း ပြောလေ Jen"

"မနက်ဖြန် ChaeYoungရဲ့ တရားခွင်တစ်ခုရှိတယ် သွားကြည့်ချင်သေးလား"

"ဟင့်အင်း မကြည့်တော့ဘူး Jenသွားရင်သွားလေ"

သူ့အတွက်နဲ့ ကျွန်မဒုက္ခများမှာကို သူမလိုလားပါ။
သူ့လို လူနာတစ်ယောက်က ကျွန်မအတွက် အရှုပ်ထုပ်တစ်ခုသာ ဟုကျွန်မကိုပြောဖူးသည်။ ထိုစကားကြားရတုန်းက ကျွန်မှာ......

"ကိုယ်လည်းမသွားတော့ဘူး အဲ့ဒါဆို"

တစ်ရက်......။

သူချောင်းတွေမတရားဆိုးပြီး မေ့လဲသွားသည်။

ကျွန်မ မျှော်လင့်ချက်တွေ တဖြည်းဖြည်းဝေဝါးလာခဲ့ပြီ။

မေ့မျောနေသော သူ့ဘေးနားမှာ ကျွန်မ ကူကယ်ရာမဲ့စွာဖြင့် ငူငိုင်နေမိသည်။

Her EyesWhere stories live. Discover now