မယားငယ်ကတော့ ဖန်းဂူ ၆ နှစ်သားကတည်းက တရားဝင်ယူထားတဲ့ မက်စ်လီနာ … သူမက လူမျိုးကချားဖြစ်သလို အဆင့်မြင့် အိုမီဂါတစ်ဦးလဲဖြစ်တယ် …

သူတို့မှာ ၂၅ နှစ်အရွယ် သားတစ်ယောက်ရှိတယ် … သူတို့က လက်မထက်ခင်ကတည်းက ကလေးရခဲ့တာဆိုတော့ ဖန်းဂူလေး ၄ နှစ်သားကတည်းက ဖခင်ကဖောက်ပြန်နေပြီး သူနဲ့မိခင်က ပြစ်ထားခဲ့ခြင်းပါ … အဲ့ဒိအတိတ်ဆိုးက ဖန်းဂူကို အိုမီဂါတွေကို အဓိကမုန်းတီးစေခဲ့တဲ့အရင်းအမြစ်တစ်ခုဖြစ်လာခဲ့တယ် …

ဖန်းဂူက မယားကြီးသားဖြစ်၍ ဖခင်က အရာအားလုံးကိုပိုင်ဆိုင်ခွင့်ပေးခဲ့ပေမဲ့ မယားငယ်နဲ့ သားဖြစ်သူက မကျေနပ်ခဲ့ဘူး …

သူမက ရှန်ကူးမန် ပိုင်ဆိုင်သမျှတွေကို အပိုင်သိမ်းဖို့အတွက် ဘယ်လောက်ထိ ရည်မှန်းထားသလဲဆိုရင် သားနာမည်ကိုတောင် ရှန်ရှုမန်း ဆိုပြီး ရှန်မျိုးနာမည်ယူ ဒီနိုင်ငံကနေ တစ်ဖွားမှမခွာပဲ ရှန်သခင်ကြီးအနားမှာ ကပ်သွယ်နေတာ နှစ်တွေတောင်ကြာခဲ့ပြီ …

သူမကြောင့်လဲ ရှန်သခင်ကြီး မယားကြီးနဲ့သားရဲ့မုန်းတီးမှုခံရသလို ခုဆို လုပ်ငန်းတွေမှာတောင် ရှန်ရှုမန်းနှောက်ယှက်မှုကြောင့် ပြဿနာပေါင်စုံတက်ရပြီး နောက်ဆုံး သားကြီးကိုသာ အားကိုနေရတယ် …

ရှန်ဖန်းဂူက အသက်အရွယ်အားဖြင့် အိမ်ထောင်ပြုဖို့အချိန်တန်ပြီဖြစ်သလို သူ့မှာသာ မျိုးဆက်ရှိခဲ့ရင် ရှန်သခင်ကြီးလဲ မယားငယ်နဲ့သားငယ်ရန်ကို ပူစရာမလိုတော့ပြီမို့ ဖန်းဂူကို တွဲဖက်ရှာရန် တိုက်တွန်းခြင်းဖြစ်တယ် …

ဒါကိုအမျိုးမျိုးနှောက်ယှက်ဖို့ ကြံနေသူကတော့ ရှုမန်းပါပဲ … အကယ်၍ အကိုကြီးမှာသာမျိုးဆက်ရှိခဲ့ရင် ရှန်ဟွှာရဲ့ပိုင်ဆိုင်မှုတွေကို သူလက်ဝါးကြီးမအုပ်နိုင်တော့ဘူး …

အကိုကြီးကို ရှင်းပြစ်ဖို့ကလဲ အင်အားကြီးလွန်းနေတော့ သူတတ်နိုင်တာတစ်ခုက အကိုကြီးရွေးမဲ့တွဲဖက်ကို ရှင်ထုတ်ပြစ်ဖို့ပဲ … 

ဒါမှ အမွေဆက်ခံသူလဲမရှိ အကိုကြီးအသက်ကြီးလာတဲ့အခါကျ သူအသာလေးအနိုင်ယူနိုင်မှာပဲဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့ …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now