အခန်း ၁၈။ နှုတ်ဆက်ပါတယ်ချစ်ရသူ...ဒါကခဏလောက်ပါပဲ။
ရာသီဥတုသည်ကား တိမ်မည်းတို့ဖြင့် ခပ်မှိုင်းမှိုင်း။ မြစ်ရေပြင်ကတော့ တိုက်ခတ်နေသည့် လေအရှိန်ကြောင့် လှိုင်းကြပ်ခွပ်လေးတွေ ကခုန်လို့နေသည်။ ထို့အပြင် ကောင်းကင်ထက်မှာလည်း သင်္ကြန်မိုးရွာဖို့ရာ တဂျိမ်းဂျိမ်းအသံပေးနေသည်။
မြစ်ကမ်းနံဘေးမှာ ယှဉ်ကာရပ်နေကြသည့် ကောင်လေး ၂ယောက်၏မျက်နှာတို့သည်လည်း တိမ်မည်းတို့နှင့်အပြိုင် အုံ့မှိုင်းလို့နေသည်။ နှစ်ဦးကြားတိတ်ဆိတ်ခြင်းက နေရာယူလျက်။ အတော်ကြာမှ သျှိုင်းထံမှ စကားသံလေးက ၀မ်းနည်းနေမှန်းသိသာစွာ တိုးတိုးလေးထွက်ပေါ်လာသည်။
"ဒီတော့..... ချက်ခြင်းကြီး ပြန်တော့မယ်ပေါ့..."
"အင်း... အဲဒီ့လိုဖြစ်သွားတယ်"
တဖန် နှစ်ဦးကြား တိတ်ဆိတ်မှုက ကြီးစိုးသွားပြန်သည်။ ခေတ်ကအလှူပြီးသည့်နေ့ကတည်းက ဖျာပုံပြန်ဖို့စီစဉ်ထားပေမယ့်လည်း သုတတို့က ၀ိုင်းဆွဲထားကြတာမို့ ၃ရက်မျှပင်ကြာသွားလေပြီ။
ဗီဇာပြည့်သည်အထိ မွေးရပ်အမိမြေမှာ အေးအေးဆေးဆေး အနားယူဖို့ရာ တွေးထားခဲ့သော်လည်း သည်နေ့မှာတော့ ဒယ်ဒီကအမြန်ပြန်လာဖို့ လှမ်းခေါ်တော့သည်။ မာမီ accident ဖြစ်သည်တဲ့။ ဒါကြောင့်ပဲ ဒီနေ့ရန်ကုန်ကိုပြန်ဖို့ ပြင်ဆင်ရတော့တာဖြစ်သည်။
"flight ကမနက်ဖြန်လား"
"ဟုတ်တယ် ချာတိတ်.... ရုတ်တရက်ကြီးဖြစ်သွားတာ..."
"ဂရုစိုက်ပါ...."
"အင်း.... ချာတိတ်ရောပဲ..... စာကြိုးစားနော်...."
"ဟုတ်...."
ှသျှိုင်းခေါင်းငုံ့ထားရင်း ဖြေသည်။ ယခင်က သွက်သွက်လက်လက်ကောင်လေးက ငြိမ်သက်နေတော့ ဘယ်လောက်ဝမ်းနည်းနေမလဲ ခေတ်ရိပ်မိသည်။
VOCÊ ESTÁ LENDO
ပိတောက်ကကြိုး (Own Creation) Completed
Romanceပိတောက်ပန်းဆိုတာ ကိုယ့်တို့အတွက်တော့ ရင်ချင်းဆက်ပြီးချည်ဖို့ ကြိုးတစ်ချောင်းပေါ့ ချာတိတ်ရယ်.... ကိုယ်မင်းကို ဘယ်လောက်တောင်မှ တမ်းတနေခဲ့ပါကြောင်း သင်္ကြန်ရောက်တိုင်း ကကြိုးဆင်နေမြဲ ပိတောက်တွေက ကိုယ်စားဖြေပေးလိမ်...